La-liga News

ရုန်းရတော့မယ် တီကို

Apr 26 , 2017

ဗီလာရီးရဲလ်ကို မမျှော်လင့်ပဲ ရှုံးနိမ့်သွားခြင်းကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ၄ပွဲကို ဗိုလ်လုပွဲများကဲ့သို့ သဘော ထား၍ ကစားသွားရတော့မည်ဖြစ်ကြောင်း အက်သလက်တီကို နည်းပြ ဆီမြွန်နီက ပြောဆိုလိုက်သည်။

ယမန်နေ့က ကစားခဲ့သောပွဲတွင် အက်သလက်တီကိုမှာ အိမ်ကွင်း၌ ဗီလာရီးရဲလ်ကို ၀-၁ဖြင့် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်ပြီး အဆင့် ၃တွင် ရှိနေဆဲဖြစ်သော်လည်း ဆီဗီးလားက တစ်ပွဲလျော့ ၃မှတ်အကွာ၊ ဗီလာရီးရဲလ်က ပွဲတူ ၈မှတ်အကွာတို့ဖြင့် အနောက်မှ လိုက်လာနေ ပြီ ဖြစ်သည်။

အက်သလက်တီကို၏ ပြိုင်ပွဲပေါင်းစုံ နောက်ဆုံး ၁၁ပွဲ ရှုံးပွဲမရှိစံချိန်မှာ ဆိုရီယာနို၏ ၈၂ မိနစ်ဂိုးကြောင့် ကျိုးပျက်သွားခဲ့ရသည်။

ဆီမြွန်နီက "ကျနော်တို့အနေနဲ့ လာမယ့် ၄ပွဲကို ဗိုလ်လုပွဲတွေလို သဘောထားပြီး ကစားသွားရပါတော့မယ်။ ဘာတွေဖြစ်လာမယ် ဆိုတာ စောင့်ကြည့်ရဦးမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

ဗီလာရီးရဲလ်အသင်းမှာ လက်ကျန်ပွဲများအဖြစ် စပို့တင်း၊ ဘာစီလိုနာ၊ ဒီပို့တီဗို၊ ဗလင်စီယာအသင်းများနှင့် ကစားရဦးမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here