EPL News

မန်စီးတီးအကြောင်းပြောတဲ့သူ

Apr 26 , 2017

မန်ယူနည်းပြ မော်ရင်ဟိုက မန်စီးတီးအနေနှင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ဆင့်ကို ရရှိရန် မိမိတို့ထက် ပိုမို၍ ရေပန်း စားနေကြောင်း ပြောဆိုလိုက်သည်။

မန်စီးတီးနှင့် မန်ယူတို့မှာ မန်ချက်စတာဒါဘီပွဲအဖြစ် အက်တီဟတ်ကွင်းကြီးတွင် ကြာသပတေးနေ့၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အနိုင်ရရှိသောအသင်းအနေနှင့် အဆင့် ၄ နေရာရရှိရန် ပိုမိုနီးစပ်သွားစေမည် ဖြစ်သည်။

"လောလောဆယ်တွင် မန်စီးတီးက တစ်ပတ်မှ တစ်ပွဲပဲ ကစားရမယ့် အနေအထားဖြစ်ပေမယ့် ကျနော်တို့က ယူရိုပါလိဂ်ဆီမီး ပွဲကြောင့် ပွဲဆက်များရဦးမှာပါ။ ကျနော်တို့အနေနဲ့ ဒီရာသီမှာ ကွန်မြူနတီဒိုင်း ကွင်းဖွင့်ဖလား၊ EFL ဖလားတို့ကို ရထားပြီးဖြစ်ပြီး တကယ်လို့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ရင် လာမယ့် ဩဂုတ်မှာ ချန်ပီယံလိဂ် ချန်ပီယံနဲ့ ဥရောပစူပါဖလားပွဲ ကစားရပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ရနိုင်သမျှ အခွင့်အရေးတွေကို လက်မလွှတ်ရဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here