La-liga News

ပွဲပယ်ခံရတဲ့ ရာမို့စ်

Apr 26 , 2017

ရီးရဲလ်အသင်းခေါင်းဆောင်ရာမို့စ်မှာ တနင်္ဂနွေနေ့က ဘာစီလိုနာနှင့် ကစားခဲ့သောပွဲတွင် မက်ဆီအပေါ် ခပ်ကြမ်းကြမ်းဖျက် ထုတ်ခဲ့ခြင်းကြောင့် ၁ပွဲပယ်ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

လာလီဂါပွဲစဉ် ၃၃ အဖြစ် ကစားခဲ့သော ထိုပွဲစဉ်တွင် ရာမို့စ်မှာ ပွဲချိန် ၇၇ မိနစ်၌ တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံခဲ့ရပြီး ပွဲချိန် ၈၅ မိနစ်တွင် ရိုဒရီဂုဇ်က ရီးရဲလ်အတွက်  ချေပဂိုးသွင်းပေးနိုင်ခဲ့သော်လည်း မက်ဆီက နာကျင်အချိန်ပို ၂မိနစ်တွင် အနိုင်ဂိုးသွင်းကာ ဘာစီလိုနာကို ဇယားထိပ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ရီးရဲလ်အနေနှင့် ရာမို့စ်၏ အနီကတ်အတွက် ပြိုင်ပွဲကျင်းပရေး ကော်မတီ RFEF ထံ အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

ဘာစီလိုနာနှင့် ရီးရဲလ်တို့မှာ အမှတ်တူသော်လည်း Head-to-Head မှတ်တမ်းအရ ဘာစီလိုနာက ဦးဆောင်ခွင့်ရခဲ့ခြင်းဖြစ်ပြီး လက်ကျန်ပွဲပို ၁ပွဲရှိနေသော ရီးရဲလ်အနေနှင့် ပွဲတိုင်းနိုင်ခဲ့ပါက ဗိုလ်စွဲနိုင်မည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here