EPL News

ဂိုးသမားရှာရမယ့် မန်ယူ

Apr 26 , 2017

မန်ချက်စတာရှိ နေအိမ်ကို အရောင်းစာရင်းတင်ထားပြီဖြစ်သော ဂိုးသမား မန်ယူမှ ရီးရဲလ်သို့ ပြောင်းရွှေ့ရန် သေချာနေပြီဖြစ် သည့်အတွက် မန်ယူနည်းပြ မော်ရင်ဟိုအနေနှင့် ဂိုးသမားတစ်ဦးကို ရှာဖွေအစားထိုးရတော့မည် ဖြစ်သည်။

၂၀၁၅ အပြောင်းအရွှေ့နောက်ဆုံးနေ့တွင် ရီးရဲလ်သို့ပြောင်းရန် ကိစ္စပျက်သွားခဲ့ရသော ဒီဂီရာကို ယခုအခါ ရီးရဲလ်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ပေးရန် အဆင်သင့်ရှိနေပြီဟု ဆိုသည်။

၂၀၁၅ တွင် ပြောင်းရွှေ့ကြေး ပေါင်၂၉ သန်းနှင့်အတူ နာဗက်စ်ကိုပါ အလိုက်ပေးမည့် ရီးရဲလ်၏ကမ်းလှမ်းချက်မှာ နောက်ဆုံး အချိန်တွင်မှ အရာမထင်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။

နည်းပြ မော်ရင်ဟိုမှာ ၀က်စ်ဘရွန်း၊ အဲဗာတန်တို့နှင့် ပွဲများ သရေကျခဲ့ရာတွင် ဒီဂီရာ၌ လိုအပ်ချက်များရှိခဲ့သည်ဟု ယူဆခဲ့ပြီး ဒီဂီရာအနေနှင့်လည်း မော်ရင်ဟို၏ ထိုသို့ထင်မြင်မှုအပေါ် ကျေနပ်ခဲ့ခြင်းမရှိဟု ဆိုသည်။

ဒီဂီရာမှာ မန်ယူသို့ ရောက်ရှိလာပြီးနောက်  ပွဲပေါင်း ၂၆၅ ပွဲ ကစားခဲ့ပြီးရာတွင် ဂိုး ၂၆၀ ပေးခဲ့ရပြီး ဂိုးမပေးရသည့် ပွဲပေါင်း ၉၅ပွဲ ရှိခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here