La-liga News

၇ နှစ်အတွင်း ဂိုးစရသူ

Apr 27 , 2017

အိုဆာဆူနာအသင်းကို ၇-၁ဖြင့် အနိုင်ရခဲ့သောပွဲတွင်  ဘာစီလိုနာ နောက်ခံလူ မာရှေယာနိုမှာ ၇နှစ်တာကာလအတွင်း ပထမ ဆုံးဂိုးကို သွင်းယူနိုင်ခဲ့သည်။

တန်းဆင်းဇုန် အဆင့် ၂၀ မှ အိုဆာဆူနာနှင့် ကစားရသောပွဲတွင် ဇယားထိပ်မှ ဘာစီလိုနာမှာ ဂိုးပြတ်သွင်းကာ အောင်ပွဲခံခဲ့ပြီး အမှတ်တူ ရီးရဲလ်ကို  ဖိအားဆက်ပေးနိုင်ခဲ့သည်။

ဘာစီလိုနာအနေနှင့် ပထမပိုင်းတွင် ၂-၀ဖြင့်သာ ဦးဆောင်နေခဲ့သော်လည်း ဒုတိယပိုင်းတွင် ၅ဂိုးဆက်တိုက် ထပ်မံသွင်းယူ ခဲ့ခြင်းဖြစ်ပြီး မာရှေယာနိုက ၆၇ မိနစ်တွင် ရခဲ့သော ပယ်နယ်တီမှ တစ်ဆင့် ဂိုးသွင်းပေးခဲ့ခြင်း ဖြစ်သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော မာရှေယာနိုမှာ ယခင် လီဗာပူးတွင် ၃နှစ်တာ ကစာခဲ့ချိန်အတွင်း ၂ဂိုး သွင်းယူခဲ့ဘူးပြီး ၂၀၁၁ တွင် ဘာစီလိုနာသို့ ရောက်လာပြီး နောက်ပိုင်း ယခုဂိုးမှာ ပထမဆုံးဂိုးဖြစ်သည်။

ဘာစီလိုနာကို ရှုံးခဲ့သော အိုဆာဆူနာမှာ တန်းဆင်းသွားရပြီဖြစ်ပြီး ဘာစီလိုနာအနေနှင့် ၎င်းတို့ ဗိုလ်စွဲနိုင်ရန်အတွက် ရီးရဲလ် အသင်း ခြေချော်စေရန် ဆုတောင်းရလိမ့်မည် ဖြစ်သည်။

ပွဲပို ၁ပွဲကျန်နေသော ရီးရဲလ်မှာ စုစုပေါင်း ၅ ပွဲ ကစားရန်ရှိနေပြီး ဘာစီလိုနာက ၄ပွဲကစားရဦးမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here