EPL News

တန်းဆင်းရတော့မည့် ဆန်းဒါးလန်း

Apr 27 , 2017

တန်းဆင်းဇုန်ဘ၀တူဖြစ်သော မစ်ဒယ်ဘရော့အသင်းကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ဆန်းဒါးလန်းအသင်းမှာ တန်းဆင်းဇုန် လွတ်သည့်နေရာနှင့် ၁၂ မှတ် ကွာဟသွားပြီဖြစ်၍ တန်းဆင်းရန် သေချာသထက် သေချာလာနေပြီ ဖြစ်သည်။

မစ်ဒယ်ဘရော့နှင့် အဝေးကွင်းပွဲစဉ်တွင် ပွဲအစ ၈ မိနစ်မှာပင် ဂိုးပေးခဲ့ရခြင်းဖြစ်ပြီး ယင်းမှာ ယခုရာသီ ၅၉ ဂိုးနြောက် ပေး ဂိုးဖြစ်ခဲ့ရသည်။

ဆန်းဒါးလန်းအနေနှင့် ပေးဂိုးအများဆုံးအသင်းမဟုတ်သော်လည်း ရှုံးပွဲအများဆုံးအသင်းအဖြစ်  ၃၃ပွဲတွင် ၂၂ ပွဲရှုံးထားပြီဖြစ် ကာ နောက်ဆုံး ၉ပွဲတွင်  ၂မှတ်သာရခဲ့သောကြောင့်လည်း ယခုကဲ့သို့ အဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

မစ်ဒယ်ဘရော့အသင်းမှာ ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးနိုင်ပွဲအဖြစ် ဆန်းဒါးလန်းကို နိုင်ခဲ့သော်လည်း တန်းဆင်းဇုန်လွတ် သည့်နေရာနှင့် ၆ မှတ် ကွာဟနေပြီး လက်ကျန် ၄ပွဲတွင် အခြေအနေမကောင်းပါက တန်းဆင်းရမည် ဖြစ်သည်။

ဆန်းဒါးလန်းအသင်းမှာ လာမည့် စနေနေ့တွင် အဆင့် ၁၃ မှ ဘုန်းမောက်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ရှုံးနိမ့်ခဲ့ပါက တန်းဆင်း အသင်းအဖြစ် ရာနှုန်းပြည့်သေချာသွားမည် ဖြစ်သည်။

ဆန်းဒါးလန်းမှာ ထိုပွဲပြီးပါက ဟောလ်စီးတီး၊ ဆွမ်ဆီး၊ အာဆင်နယ်၊ ချဲလ်ဆီးတို့နှင့် ကစားရမည်ဖြစ်ကာ မစ်ဒယ်ဘရော့မှာ မန်စီးတီး၊ ချဲလ်ဆီး၊ ဆောက်သင်တန်၊ လီဗာပူးတို့နှင့် တွေ့ရမည်ဖြစ်၍ ၂သင်းလုံး တန်းဆင်းရမည့် အခြေအနေတွင် ရှိနေကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here