EPL News

စံချိန်သစ်နှင့် စပါး

Apr 27 , 2017

ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်နှင့် ကစားခဲ့သော ပွဲတွင် ၁-၀ဖြင့် အနိုင်ရရှိခဲ့သော စပါးမှာ နောက်ဆုံး ၈ပွဲဆက်တိုက် အနိုင်ရ ခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်မှာ ၁၉၆၀ နောက်ပိုင်း အကောင်းဆုံး စံချိန်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

စပါးအနေနှင့် ဖေဖော်ဝါရီ ၁၁ရက်နေ့က လီဗာပူးကို ၂-၀ဖြင့် ရှုံးခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ၈ပွဲဆက် အနိုင်ရခဲ့ခြင်းဖြစ်ကာ ဇယားထိပ်မှ ချဲလ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။

ချဲလ်ဆီး၊ အာဆင်နယ်၊ လီဗာပူးတို့ကို ယခု ဧပြီလအတွင်း အနိုင်ကစားခဲ့သော ခရစ္စတယ်ပဲလေ့စ်အသင်းမှာ စပါးနှင့် တွေ့ရချိန်တွင် ၀-၁ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ပြီး စပါးအတွက် အနိုင်ဂိုးကို အဲရစ်ဆင်က ပွဲချိန် ၇၈ မိနစ်၌ သွင်းယူခဲ့ခြင်း ဖြစ်သည်။

FA ဖလားပွဲတွင် ချဲလ်ဆီးကို ရှုံးခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းနေသော စပါးမှာ ချဲလ်ဆီးနှင့် ၄မှတ်အကွာမှ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး လာမည့် နှစ်ချန်ပီယံလိဂ်ဝင်ခွင့်သည်လည်း သေချာခဲ့ပြီ ဖြစ်သည်။

စပါးအသင်းမှာ လာမည့် တနင်္ဂနွေနေ့တွင် အာဆင်နယ်ကို အိမ်ကွင်း၌ ဧည့်ခံရမည်ဖြစ်ပြီး ၀က်စ်ဟမ်း(အဝေး)၊ မန်ယူ(အိမ်)၊ လက်စတာ(အဝေး)၊ ဟောလ်(အဝေး)တို့ ဆက်လက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here