La-liga News

ဥက္ကဋ္ဌလုပ်မယ့် ရာမို့စ်

Apr 28 , 2017

ရီးရဲလ်အသင်း ကပ္ပတိန် နောက်ခံလူ ရာမို့စ်က သူသည် တစ်ချိန်ချိန်တွင် အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုသော ဆန္ဒ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ရာမို့စ်မှာ သူ၏ ဆိုရှယ်ဝက်ဘ်ဆိုက်တွစ်တာတွင် ပရိသတ် ၁၀ သန်းပြည့်ခဲ့ပြီးနောက် ပရိသတ်များနှင့် အမေးအဖြေပြုလုပ်ရာတွင် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ချန်ပီယံလိဂ်ဖလား ၂ကြိမ်နှင့် လာလီဂါအမှတ်ပေး ချန်ပီယံ ၃ကြိမ်ရခဲ့ဘူးသော အသက် ၃၁နှစ်အရွယ် ရာမို့စ်က လာမည့် နောင်တစ်ချိန် မည်သူ မည်သို့မျှ မသိနိုင်ကြောင်း ပြောဆိုခဲ့သည်။

စပိန်လက်ရွေးစင်လည်းဖြစ်သူ ရာမို့စ်မှာ ကစားသမားဘ၀မှ အနားယူခဲ့ပြီးပါလျှင် ဘောလုံးနည်းပြကဲ့သို့သော အလုပ်အကိုင်မျိုး လုပ်ကိုင်လိုကြောင်း၊ လက်ရှိအချိန်တွင်မူ လွန်စွာစောလွန်းနေသေးကြောင်း၊ မိမိ ဘာဆက်လုပ်မည်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ရာမို့စ်မှာ ဘာစီလိုနာနှင့်ပွဲတွင် အနီကတ်ရခဲ့၍ ဒီပို့တီဗိုကို ၆-၂ဖြင့် နိုင်သောပွဲ၌ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိပေ။

U Myo Thant




<< Back La-liga News


Advertisement
Here