EPL News

အနီကတ်အတွက် မော်ရင်ဟို ပေါက်ကွဲ

Apr 28 , 2017

အရေးကြီးပွဲစဉ်အဖြစ် မန်စီးတီးနှင့် အဝေးကွင်းပွဲ ကစားရချိန်တွင်  ကွင်းလယ်လူ ဖယ်လာနီ အနီကတ်အပြခံရသည့်အပေါ် မန်ယူနည်းပြ မော်ရင်ဟိုက ဒေါသတကြီး ဝေဖန်ခဲ့သည်။

ပွဲပြီးရန် နီးလာသော ပွဲချိန် ၈၃ မိနစ်တွင် ဖယ်လာနီမှာ မန်စီးတီးတိုက်စစ်မှုး အဂူရိုကို အ၀င်ကြမ်းခဲ့သဖြင့် အ၀ါကတ် အပြခံခဲ့ရပြီး ယင်းနောက်ပွဲ ပြန်ကစားရချိန်တွင် ဖယ်လာနီမှာ အဂူရိုကို ထပ်မံလဲကျစေခဲ့ကာ ခေါင်းချင်းဆိုင်မိချိန်တွင် ဆောင့် တိုက်လိုက်ခြင်းကြောင့် အဂူရိုလဲကျသွားခဲ့ပြီး ဖယ်လာနီမှာလည်း အနီကတ်ရကာ ကွင်းအတွင်းမှ ထွက်ခဲ့ရသည်။

အ၀ါကတ်အပြခံရပြီး ၁၉ စက္ကန့်သာကြာသေးချိန်တွင် အနီကတ်ရခဲ့သည့် ဖယ်လာနီကို နည်းပြ မော်ရင်ဟိုက စဉ်းစာဥာဏ် မရှိသူဟုဆိုခဲ့ပြီး လဲကျသွားခဲ့သော အဂူရိုကိုလည်း အကယ်ဒမီ အိုက်တင်လုပ်ပြခဲ့သူဟု ဆိုခဲ့သည်။

ထိုအချိန်တွင် ပွဲမှာ ဂိုးမရှိသရေကျနေချိန်ဖြစ်သဖြင့် အမ်ခီတာရန်အစား မန်ဆာနှင့် လူစားလဲကာ ဂိုးမပေးရရန် ကြိုးစားခဲ့ရကာ အနည်းငယ် နာသွားသော ရှက်ရှ်ဖို့ဒ်အစား အက်ရှ်လေယန်းကို လူစားဝင်စေကာ သရေတစ်မှတ်ရရန် ကြိုးစားသွားခဲ့ရသည်။

ယခုသရေပွဲကြောင့် မန်စီးတီးက ၃၃ ပွဲကစား ၆၅ မှတ်၊ မန်ယူက ၃၃ပွဲကစား ၆၄ မှတ်ရထားကာ ၃၄ပွဲကစား ၆၆ မှတ်ရထားသော လီဗာပူးကို ကျော်တက်ရန် ကြိုးစားကြရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here