Bundesliga News

သက်တမ်းတိုးသည့် တီယာဂို

Apr 29 , 2017

ဘိုင်ယန်မှ စပိန်ကွင်းလယ်ကစားသမား တီယာဂို အယ်ကန်တာရာမှာ ၂၀၂၁ အထိရှိမည့် သက်တမ်းတိုးစာချူပ်ကို ချုပ်ဆိုခဲ့ပြီဟု သိရသည်။

တီယာဂိုမှာ ၂၀၁၃တွင် ပြောင်းရွှေ့ကြေး ပေါင် ၂၁.၆သန်းဖြင့် ဘာစီလိုနာမှ ဘိုင်ယန်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး၊ စတုတ္ထမြောက် ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ရရှိရန် နီးကပ်လာနေပြီ ဖြစ်သည်။

၂၆ နှစ်သား တီယာဂိုက မိမိနှင့် မိမိတို့ မိသားစုမှာ မြူးနစ်မြို့ကို မိမိတို့အိမ်အဖြစ် ခံစားနေရသကဲ့သို့ လာမည့် ရာသီတွေမှာလည်း ဘိုင်ယန်နဲ့ အတူ ဆုဖလားတွေကိုင်မြှောက်ခွင့်ရဖို့ ကြိုးစားအားထုတ်သွားဦးမှာပါ ဟု ပြောဆိုသွားခဲ့သည်။

နည်းပြ အန်ဆလော့တီ ဦးဆောင်နေသော ဘိုင်ယန်မှာ ၄ပွဲကျန်ခရီးတွင် ချန်ပီယံဖြစ်ရန် အကောင်းဆုံးအနေအထားတွင်ရှိနေပြီး ယခုအပတ် ဘွန်ဒစ်လီဂါပွဲများတွင် ဘိုင်ယန်က ၀ုလ်စ်ဘတ်ကို အနိုင်ရရှိခဲ့ပြီး လိုက်ပဇစ်က အင်ဂိုစတက်ကို မနိုင်ခဲ့ပါက ဘိုင်ယန် မှာ အမှတ်ပေးချန်ပီယံဖလားကို ၅ကြိမ် ဆက်တိုက်ဆွတ်ခူးရရှိမည် ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here