EPL News

ကွင်းပြောင်းမယ့် စပါး

Apr 29 , 2017

စပါးအသင်းမှာ လာမည့် ၂၀၁၇-၁၈ရာသီတွင် ၀င်ဘလေကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုကစားရန် သေချာသွား ပြီဖြစ်သောကြောင့် ယခုရာသီတွင် အိမ်ကွင်းဝှိုက်ဟတ်လိန်းတွင် ၂ပွဲသာ ကစားရတော့မည် ဖြစ်သည်။

စပါးအသင်းမှာ ဧပြီ ၃၀ရက်နေ့တွင် အာဆင်နယ်၊ မေလ ၁၄ ရက်တွင် မန်ယူတို့ကို အိမ်ကွင်း၌ လက်ခံကစားပြီးနောက် လာမည့် ရာသီတွင် ၀င်ဘလေကွင်းက စပါးအသင်းအိမ်ကွင်းအဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

စပါးအသင်းမှာ ၀င်ဘလေနှင့် ကံမစပ်သည့်အသင်းအဖြစ် အချို့က ယူဆကြပြီး ၁၀ ပွဲကစားခဲ့ဘူးရာတွင် အနိုင် ၂ပွဲသာ ရှိခဲ့သည်။

စပါးအနေနှင့် ပေါင်သန်း ၈၀၀ အကုန်အကျခံကာ ပရိသတ် ၆၁၀၀၀ ၀င်ဆံ့သော ကွင်းအဖြစ် ၀ှိုင်ဟတ်လိန်းကို ပြုပြင်မွမ်းမံ တည်ဆောက်သွားမည် ဖြစ်သည်။

စပါးအနေနှင့် ယခုရာသီတွင် ကွင်းပိတ်နှုတ်ဆက်ပွဲကို မန်ယူနှင့် ကစားရမည့် မေ ၁၄ ရက်တွင် ပြုလုပ်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here