AFC Cup News

AFC Cup ပွဲစဉ်များ ဆက်လက်ကျင်းပမည်

May 02 , 2017

2017 AFC Cup ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များကို ဆက်လက်ကျင်းပမည်ဖြစ်ရာ အုပ်စုတက်ရန် မျှော်လင့်ချက်ရှိနေသေးသည့် ရတနာပုံအသင်းမှာ အိမ်ကွင်းပွဲစဉ်အဖြစ်လည်းကောင်း၊ မကွေးအသင်းမှာ အဝေးကွင်းပွဲစဉ်အဖြစ်လည်းကောင်း ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

ရတနာပုံအသင်းသည် မေ ၂ရက်တွင် ဗီယက်နမ်ကလပ် သန်ကွမ်နင်းအသင်းကို အိမ်ရှင်အဖြစ်  လက်ခံကစားရမည် ဖြစ်သည်။ ယင်းပွဲစဉ်ကို မန္တလေးမြို့ မန္တလာသီရိကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ကြိတင်လက်မှတ်များကို ဧပြီ ၂၉ ရက်မှ စတင်ကာ အထူး တန်း ငွေကျပ် ၃၀၀၀နှင့် ရိုးရိုးတန်း ငွေကျပ် ၂၀၀၀ဖြင့် ရောင်းချနေပြီ ဖြစ်သည်။

ရတနာပုံအသင်းသည် အုပ်စုပထမနေရာကို မျှော်လင့်ချက်မရှိတော့သော်လည်း ယခုပွဲစဉ်တွင် အနိုင်ရရှိပါက အကောင်းဆုံး အုပ်စု ဒုတိယနေရာအတွက် မျှော်လင့်ချက်ရှိနေသည်။ ရတနာပုံအသင်းသည် အုပ်စု(F)မှ မလေးရှားကလပ် ဟနွိုင်းအသင်း တို့နှင့် အာဆီယံဇုန်အကောင်းဆုံးအုပ်စု ဒုတိယနေရာအတွက် ရေပန်းစားနေခြင်း ဖြစ်သည်။

ယခုအုပ်စုနောက်ဆုံးပွဲစဉ်တွင် ရတနာပုံအသင်းသည် ပြီးခဲ့သည့်ပွဲစဉ်၌ အနီကတ်ပြစ်ဒဏ် ထိထားသည့် ရန်ပိုင်၊ ရဲကိုဦးနှင့် သက်နိုင်တို့ ပါဝင်နိုင်မည်မဟုတ်သော်လည်း အကောင်းဆုံးကစားသွားမည်ဟု ရတနာပုံအသင်းနည်းပြချုပ်က ပြောသည်။

မကွေးအသင်းမှာ အဝေးကွင်းပွဲစဉ်အဖြစ် မလေးရှားကလပ် ဂျိုဟိုးအသင်းနှင့် သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်း ပွဲစဉ်ကို မလေးရှားနိုင်ငံ၌ မေ ၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here