La-liga News

သက်တမ်းတိုးသည့် ဟာနန်ဒက်စ်

May 02 , 2017

အက်သလက်တီကို နောက်ခံကစားသမား လူးကပ်ဟာနန်ဒက်စ်မှာ ၂၀၂၂အထိ သက်တမ်းရှိမည့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

အင်္ဂါည ရီးရဲလ်နှင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မကစားမီ တစ်ရက်အလိုတွင်စာချုပ်သစ်ချုပ်ဆိုလိုက်ခြင်းဖြစ်ပြီး ၂၁နှစ်သား ဟာနန်ဒက်ဇ်မှာ ယင်းပွဲစဉ်တွင် ပါဝင်လာမည်ဟု မျှော်လင့်ရ သည်။

ပြင်သစ်သား ဟာနန်ဒက်ဇ်မှာ အက်သလက်တီကိုအတွက် လာလီဂါပွဲ ၂၃ပွဲ ကစားပေးခဲ့ပြီဖြစ်ပြီး ယင်း ၂၃ပွဲတွင် ယခုရာသီ အတွက် ၁၂ပွဲ ပါ ပါဝင်သည်။

အက်သလက်တီကို အားကစားဒါရိုက်တာ ကာမီနီယိုက "ဒါဟာ အသင်းပရိသတ်တွေအတွက် သတင်းကောင်းပါပဲ၊ ဟာနန်ဒက်ဇ် ဟာ လာမယ့် ရာသီတွေမှာ အသင်းအတွက် ပိုပြီး အစွမ်းပြ လာနိုင်ဦးမှာ သေချာပါတယ်" ဟု ပြောဆိုခဲ့သည်။

ဟာနန်ဒက်ဇ်၏ ညီဖြစ်သူ ၁၉ နှစ်သား သီယိုမှာ အက်သလက်တီကိုမှ အလာဗက်စ်အသင်းသို့ အငှားချခံထားရသူဖြစ်ပြီး ၎င်းတို့၏ ဖခင် ဖရန်ကို ဟာနန်ဒက်ဇ်မှာ ၂၀၀၀မှ ၂၀၀၁ ခုနှစ်အထိ အက်သလက်တီကိုတွင် ကစားခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here