Champions League

ဟက်ထရစ်ရသော စီရိုနယ်ဒို

May 03 , 2017

အက်သလက်တီကိုအသင်းနှင့် ကစားရသော ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့တွင် ရီးရဲလ်မှ စီရိုနယ်ဒိုမှာ ဟက်ထရစ် ဂိုး ထပ်မံသွင်းယူပြနိုင်ခဲ့သည်။

ပွဲချိန် ၁၀ မိနစ်၊ ၇၃ မိနစ်နှင့် ၈၆ မိနစ်တို့တွင် ဂိုးများသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုဟက်ထရစ်မှာ ရီးရဲလ်အတွက် စီရိုနယ်ဒို၏ ၄၂ ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်မှု ဖြစ်ခဲ့သည်။

စီရိုနယ်ဒိုမှာ ချန်ပီယံလိဂ်တွင် သွင်းဂိုး စုစုပေါင်း ၁၀၃ ဂိုး ရှိခဲ့ပြီဖြစ်၍ ဂိုးအများဆုံး သွင်းထားနိုင်သူအဖြစ် စံချိန်တင်ခဲ့ပြီး နောက် ဆုံး ၃ပွဲတွင် ၈ဂိုး သွင်းခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်တွင် စုစုပေါင်း ၁၃ ဂိုး သွင်းယူထားနိုင်ပြီ  ဖြစ်သည်။

နည်းပြ ဇီဒန်း ဦးဆောင်သော ရီးရဲလ်မှာ နောက်ဆုံး ၅၉ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ၂၀၁၂ နောက်ပိုင်း ပထမဆုံးလာလီဂါချန်ပီယံဆုကို ရရှိရန် အခြေအနေကောင်း နေသကဲ့သို့ ၁၉၉၂ မှစ၍ ချန်ပီယံလိဂ်စု အမည်ပြောင်းလဲ ယှဉ်ပြိုင်ခဲ့သည့်ကာလများအတွင်း ပထမဆုံးသော ချန်ပီယံ ၂ကြိမ်ဆက်ရသည့် အသင်းအဖြစ် စံချိန်တင်ရန် လည်း မျှော်လင့်နိုင်ပြီ ဖြစ်သည်။

အက်သလက်တီကိုနှင့် ဒုတိယအကျော့ပွဲစဉ်ကို မေလ ၁၀ ရက်နေ့တွင် ကစားရမည်ဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို ဇွန်လ ၃ရက်နေ့ ကာဒစ်တွင် ကျင်းပမည်ဖြစ်ရာ ရီးရဲလ်မှာ ဂျူဗင်တပ် သို့မဟုတ် မိုနာကိုနှင့် ကစားခွင့်ရမည်ဟု ရီးရဲလ်ပရိသတ် အများစုက ယုံကြည်မျှော်လင့်လျက်ရှိနေကြပြီ ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here