Ligue-1 News

ဆက်နေချင်သော ဖယ်ကာအို

May 03 , 2017

မိုနာကို တိုက်စစ်မှုး ဖယ်ကာအိုမှာ အသင်းတွင် ဆက်နေရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မိုနာကိုအသင်းမှာ ယခုရာသီတွင် ခြေစွမ်းပြကာ တစ်ပွဲပို PSG ထက် ၃မှတ်အသာဖြင့် ပြင်သစ်လိဂ်ဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေသောအသင်းဖြစ်သည်။

ကိုလံဘီယာသား ဖယ်ကာအိုမှာ ၂၀၁၄-၁၅ ရာသီတွင် မန်ယူသို့ ရောက်ခဲ့သော်လည်း ဒဏ်ရာကိစ္စများနှင့် လုံးထွေးနေခဲ့ရပြီး ချဲလ်ဆီးသို့ ပြောင်းခဲ့ရာတွင်လည်း စိတ်တိုင်းကျခြေစွမ်းပြနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် မိုနာကိုသို့ ပြောင်းရွှေ့လာချိန်တွင် အသင်းအတွက် ၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး၊ နည်းပြ ဂျာဒင်၏ မိုနာကို အသင်း ချန်ပီယံလိဂ် ဆီမီးအဆင့်ရောက်ရန်ကိုလည်း ၅ဂိုးသွင်းကာ ကူညီနိုင်ခဲ့သူ ဖြစ်သည်။

ဖယ်ကာအိုက "ကျနော် ဒီမှာ ဆက်နေချင်ပါတယ်။ ကလပ်နဲ့ကော၊ ဒီမြို့နဲ့ပါ အသားကျနေပြီဖြစ်သလို မိန်းမနဲ့ သမီးတွေကလည်း ပျော်ရွှင်နေကြပါတယ်။ ကွင်းထဲမှာကော ကွင်းပြင်မှာပါ အဆင်ပြေနေ မှတော့ ပြောင်းဖို့ လိုပါဦးမလား" ဟု ပြောဆိုခဲ့သည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here