Europa League

ဒဏ်ရာများနှင့် မန်ယူ

May 04 , 2017

မန်ယူအသင်းမှာ ယနေ့ညတွင်  အရေးကြီးပွဲတစ်ပွဲအဖြစ် ဆဲလ်တာဗီရိုနှင့် ယူရိုပါလိဂ်ပွဲကစားရမည်ဖြစ်ပြီး ဒဏ်ရာရကစား သမားများပြားနေခြင်းကြောင့် စိုးရိမ်ရလျက် ရှိသည်။

မန်ယူမှ အဓိက ကစားသမားများဖြစ်သော ပိုဂဘာ၊ စမောလင်း၊ ဖီးလ်ဂျုန်းစ်၊ ဘိုင်လီတို့မှာ လေ့ကျင့်ရေးဆင်းနိုင်ပြီဟုဆိုသော် လည်း ဒဏ်ရာသက်သာခါစကစားသမားများဖြစ်သောကြောင့် ကြံ့ခိုင်မှု မည်မျှရှိသည်ဆိုခြင်းအပေါ် တွက်ဆနေရဆဲ ဖြစ်သည်။

နောက်ခံကစားသမားတစ်ဦးဖြစ်သော လုခ်ရှောမှာ ဒဏ်ရာကြောင့် ရာသီကုန်နားရပြီဖြစ်ပြီး မာတာမှာလည်း ပါဝင်ကစားခွင့်ရ ရန် ရာနှုန်းပြည့် သေချာခြင်းမရှိသေးပေ။

မန်ယူအနေနှင့် ယခုရာသီတွင် ချန်ပီယံဝင်ခွင့်ရနိုင်မည့် ပရီးမီးယား အဆင့် ၄ နေရာကိုရရှိရန် မရေရာသေးသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရစေနိုင်မည့် ယူရိုပါလိဂ် ချန်ပီယံဖြစ်ရေးကိုလည်း ထည့်သွင်းစဉ်းစားနေရခြင်း ဖြစ်သည်။

ဆဲလ်တာအသင်းမှာ လာလီဂါနောက်ဆုံး ၃ပွဲလုံး ရှုံးထားခဲ့ပြီး အဆင့် ၁၁ တွင် ရှိနေသောအသင်းဖြစ်သည်။

မန်ယူအသင်းမှာ ယနေ့ည ဆီမီးဖိုင်နယ် ပထမအကျော့တွင် အနည်းဆုံးသရေကျရန် မျှောလင့်နိုင်မည် ဖြစ်သည်။

U Myo Thant




<< Back Europa League


Advertisement
Here