Serie-A News

စံချိန်သစ်နှင့် ဂျူဗင်တပ်

May 04 , 2017

စီးရီးအေကလပ် ဂျူဗင်တပ်အသင်းမှာ ယမန်နေ့က မိုနာကိုနှင့် ကစားရသောပွဲတွင် ၂-၀ဖြင့် အနိုင်ရခဲ့ပြီး ဥရောပပွဲစဉ်များတွင် ၆ပွဲဆက်တိုက်ပေးဂိုးမရှိသောစံချိန်ကို တင်နိုင်ခဲ့သည်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ကစားရသော ထိုပွဲတွင် ဂျုဗင်တပ် တိုက်စစ်မှုး ဟီဂူအင်က ပထမပိုင်း ၂၉ မိနစ်တွင် ဦးဆောင်ဂိုးနှင့် ၅၉ မိနစ်တို့တွင် အနိုင်သေချာစေမည့် ဂိုးတို့ကို သွင်းယူပေးခဲ့သည်။

ချန်ပီယံလိဂ်တွင် ဂျူဗင်တပ်ဘက်သို့ နောက်ဆုံးဂိုးသွင်းနိုင်ခဲ့သောအသင်းမှာ ဆီဗီးလားဖြစ်ပြီး ၂၀၁၆ နိုဝင်ဘာ ၂၂ ရက်နေ့က ကစားခဲ့သော ပွဲဖြစ်ကာ ဂျူဗင်တပ်က ၃-၁နှင့် နိုင်ခဲ့သော ပွဲစဉ် ဖြစ်သည်။

အသက် ၃၈နှစ်ရှိပြီဖြစ်သော ဂိုးသမား ဘူဖွန်မှာ ဂျူဗင်တပ်အတွက် အရေးပါသောနေရာမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here