EPL News

ဆုကြေးရမည့် ဘန်လေ

May 05 , 2017

၃ပွဲကျန် ရာသီသိမ်းခရီးတွင် တန်းဆင်းဇုန်အသင်းနှင့် ၇မှတ်အကွာ ရပ်တည်နေသော ဘန်လေအသင်းမှာ ပရီးမီးယားလိဂ်တွင် တင်ကျန်ရစ်ပါက ကစားသမားများအနေနှင့် ဆုကြေးရရှိကြမည် ဖြစ်သည်။

ဘန်လေအသင်းမှာ ၃၅ ပွဲကစား ၃၉ မှတ်ရထားပြီး တန်းဆင်းဇုန်အဆင့် ၁၈ မှ ဆွမ်ဆီးက ၃၅ ပွဲကစား ၃၂ မှတ် ရထားရာ ဘန်လေအနေနှင့် လက်ကျန်၃ပွဲတွင် အနည်းဆုံး ၁ပွဲနိုင်ပါက စိတ်ချရမည့်နေရာတွင် ရပ်တည်နိုင်မည် ဖြစ်သည်။

ဘန်လေမှာ လက်ကျန်ပွဲများတွင် ၀က်ဘရွန်း(အဆင့် ၈)၊ ဘုန်းမောက် (အဆင့် ၁၀)၊ ၀က်စ်ဟမ်း(အဆင့် ၁၅) အသင်းများနှင့် ကစားရမည်ဖြစ်ပြီး ဆွမ်ဆီးက အဲဗာတန်(အဆင့် ၇)၊ ဆန်းဒါးလန်း(အဆင့် ၂၀)၊ ၀က်ဘရွန်း(အဆင့် ၈) အသင်းများနှင့် ကစားရ မည် ဖြစ်သည်။

ဘန်လေအနေနှင့် ပရီးမီးယားအသင်းအဖြစ် ဆက်ရှိနေမည်ဆိုပါက ဆုကြေးပေါင် ၈.၅သန်းကို ကစားသမားများက ခွဲဝေရရှိ မည်ဖြစ်ရာ တစ်ဦးလျှင် ပေါင် ၆သိန်းခွဲခန့် ရရှိကြမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here