EPL News

ဆန်းဒါးလန်းတွင် မိုရက်စ်ဆက်နေမည်

May 06 , 2017

တန်းဆင်းသွားရပြီဖြစ်သော ဆန်းဒါးလန်းအသင်းမှ ၀ါရင့်တိုက်စစ်မှုး ဒီဖိုးမှာ ရာသီကုန်တွင် အသင်းပြောင်းမည်ဟုဆိုသော် လည်း နည်းပြ မိုရက်စ်မှာ အသင်းတွင် ဆက်ရှိမည်ဟု ဆိုသည်။

ဒီဖိုးမှာ ယခုရာသီတွင် ဆန်းဒါးလန်းအတွက် ပရီးမီးယားလိဂ်ဂိုး ၁၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ် ပြန်လည်အခေါ်ခံရသူ ဖြစ်သည်။

ဆန်းဒါးလန်းမှာ လွန်ခဲ့သောပွဲစဉ်တွင် ဘုန်းမောက်ကို အိမ်ကွင်း၌ ၀-၁ဖြင့် ရှုံးနိမ့်ခဲ့သဖြင့် တန်းဆင်းရန် သေချာသွားရသော အသင်း ဖြစ်သည်။

၃၄ နှစ်သား ဒီဖိုးအနေနှင့် အမေရိကန်မေဂျာလိဂ် တိုရန်တိုတွင် ကစားခဲ့ပြီးနောက် ပရီးမီးယားသို့ ပြန်လာသူဖြစ်ပြီး သူ့ကိုလိုချင်နေသော ကလပ်များရှိနေကြောင်းလည်း သိရသည်။

အဲဗာတန်ကို ကာလရှည်တာဝန်ယူခဲ့ပြီးနောက် မန်ယူ၊ ဆိုစီဒက်တို့သို့အရောက်တွင် နည်းပြကောင်းတစ်ဦး၏ စွမ်းရည်မျိုးမပြနိုင် ခဲ့သော မိုရက်စ်မှာ ယခု ဆန်းဒါးလန်းတွင်လည်း တန်းဆင်းရသည်အထိ အခြေအနေဆိုးသွားစေခဲ့သည်။

မိုရက်စ်အနေနှင့် မကြာမီရက်ပိုင်းအတွင်း အသင်းပိုင်ရှင်၊ အသင်း CEO တို့နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကာ ရှေ့ရေးအတွက် စဉ်းစားကြမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here