EPL News

ခလုတ်တိုက်မိတဲ့ စပါး

May 06 , 2017

ချဲလ်ဆီးကို တောက်လျှောက်ဖိအားပေးနိုင်ခဲ့သော စပါးအသင်းမှာ ယမန်နေ့က ပွဲစဉ်တွင် အဆင့် ၉မှ ၀က်စ်ဟမ်းကို အဝေးကွင်း၌ မမျှော်လင့်ပဲ ၁-၀ ဖြင့် ရှုံးနိမ့်သွားခဲ့ခြင်းကြောင့် ချဲလ်ဆီးအပေါ် ဖိအားကေးနိုင်မှုမှာ များစွာလျော့ကျသွားစေခဲ့ရသည်။

ဒုတိယပိုင်း ၆၅ မိနစ်တွင် လန်ဇီနီ၏ သွင်းဂိုးကြောင့် ရှုံးနေခဲ့သော စပါးမှာ ချေပဂိုးရရန် ကြိုးစားခဲ့သော်လည်း မစွမ်းသာနိုင်ခဲ့ပေ။

လက်ရှိအချိန်တွင် ၃၅ ပွဲကစားပြီးဖြစ်သော စပါးမှာ ၃၄ ပွဲသာ ကစားရသေးသော ချဲလ်ဆီးနှင့် ၄မှတ်ကွာဟနေပြီဖြစ်ပြီး ၄ပွဲကျန် ချဲလ်ဆီးအနေနှင့် အနိုင် ၂ပွဲသာ ရခဲ့ပါက သေချာပေါက် ချန်ပီယံဖလားရရှိမည် ဖြစ်သည်။

စပါးအနေနှင့် အဆင့် ၃ လီဗာပူးထက် ၈မှတ် အသာစီးရထားသဖြင့် အမှတ်ပေးဇယား ဒုတိယနေရာနှင့် ဇာတ်သိမ်းရန်ကိုသာ မျှော်လင့်ရမည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here