EPL News

ဝဲလ်ဘက်အတွက် ပရိသတ်အသံများ

Sep 02 , 2014

မန်ယူတိုက်စစ်မှူး ၀ဲလ်ဘက်သည် အပြောင်းအရွေှ့နောက်ဆုံးနေ့တွင် အာဆင်နယ်သို့ ပေါင် ၁၆ သန်းဖြင့် အပြီးသတ်ပြောင်းရွေှ့ သွားပြီ ဖြစ်သည်။

အာဆင်နယ်နှင့် ၅နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သော ၀ဲလ်ဘက်နှင့်ပတ်သက်၍ နှစ်ဘက်ပရိသတ်များမှ ဝေဖန်မှုများ ရှိခဲ့ကြသည်။ အာဆင်နယ် ပရိသတ်များဘက်တွင်လည်း ကြိုက်သူရှိသကဲ့သို့ မကြိုက်သောအသံများလည်း ကြားခဲ့ရသည်။

အချို့က ကာလရှည်အတွက် မျှော်လင့်၍ရသော လူငယ်ကစားသမားတစ်ဦးကို ခေါ်နိုင်ခဲ့ခြင်းဟုဆိုကြပြီး အချို့ကမူ ၀ဲလ်ဘက်မှာ အာဆင်နယ်ကလိုလားနေသော ဂိုးများစွာ သွင်းနိုင်မည့် တိုက်စစ်မှူးမျိုး မဟုတ်ဟု ဆိုသည်။

မန်ယူပရိသတ်ဘက်တွင်လည်း လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသော ကစားသမားတစ်ဦးကို အဓိကပြိုင်ဘက်အသင်းမျိုး သို့ ရောင်းချခဲ့ခြင်းမှာ မဖြစ်သင့်ဟုဆိုပြီး အသင်းတာဝန်ရှိသူများကို ဝေဖန်ခဲ့ကြသည်။

မန်ယူမှ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သော မက္ကဆီကို လက်ရွေးစင် ဟာနန်ဒက်စ်မှာလည်း ရီးရဲလ်သို့ အငှားစာချုပ်ဖြင့် ပြောင်းရွေှ့ သွားပြီဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here