EPL News

ဒုတိယအချမ်းသာဆုံး မိုဗစ်

May 06 , 2017

ဆန်းဒေးတိုင်းမ်စ်သတင်းစာက UK တွင် ရှိသော ကစားသမားများထဲမှ အချမ်းသာဆုံးကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာ မန်ယူတိုက်စစ်မှုး အီဘရာဟင်မိုဗစ်က အဆင့် ၂ နေရာတွင် ရှိနေခဲ့သည်။

UK ရှိ ကစားသမားများထဲတွင် အချမ်းသာဆုံးအဖြစ် ဖော်မြူလာ ၀မ်းပြိုင်ကားမောင်းသမား ဟာမီလ်တန်က စုစုပေါင်း ပေါင် ၁၃၁ သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး ဆွီဒင်သား မန်ယူ တိုက်စစ်မှုး မိုဗစ်က ပေါင်သန်း ၁၁၀ ဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

မိုဗစ်၏ အသင်းဖော်ဖြစ်သော အင်္ဂလန်အသင်း ကပ္ပတိန် မန်ယူ ကစားသမားရွန်းနီက ပေါင် ၉၃ သန်းဖြင့် တတိယနေရာတွင် ရှိနေခဲ့သည်။

ဟာမီလ်တန်ကဲ့သို့ပင်ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်သော ဘတ်တန်က စတုတ္ထနေရာတွင် ရှိနေခဲ့ပြီး ဂေါက်သီးသမား မက်ရွိုင်းက ပဉ္စမနေရာတွင် ရပ်တည်နေခဲ့သည်။

အခြား ၅ဦးထဲတွင် ဘောလုံး နည်းပြ ၂ဦးပါဝင်နေပြီး အဆင့် (၆)တွင် တင်းနစ်သမား မာရေး၊ အဆင့် (၇)တွင်  မန်ယူနည်းပြ မော်ရင်ဟို၊ အဆင့်(၈)တွင် ရီးရဲလ်ကစားသမား ဘေးလ်၊ အဆင့် (၉)တွင် ဘတ်စကက်ဘော ကစားသမား ဒန်းနှင့် အဆင့် (၁၀)တွင် မန်စီးတီး နည်းပြ ဂွာဒီယိုလာတို့ ဖြစ်ကြသည်။

 

U Myo Thant




<< Back EPL News


Advertisement
Here