Asian Cup News

အာဆီယံ ယူ-၁၅ ဘောလုံးပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်း

May 08 , 2017

လာအိုနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို  ယမန်နေ့နံနက်ပိုင်းက လာအိုနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၌ ကျင်းပကြောင်း သိရသည်။

မြန်မာ ယူ-၁၅ အမျိုးသမီးအသင်း နည်းပြ ဒေါ်နုနုခိုင်ဝင်းက မြန်မာအသင်းနှင့် ပတ်သက်၍ "ကျွန်မတို့အသင်းက ကစား သမားတွေအနေနဲ့ စာမေးပွဲတွေရှိတာကြောင့် ပြင်ဆင်ချိန် နှစ်လပဲ ရရှိပါတယ်။ အသင်းကို ပြီးခဲ့တဲ့နှစ်က လာအိုမှာပဲ ယူ-၁၄ ပြိုင်ပွဲလာကစားခဲ့တဲ့ ကစားသမားတွေနဲ့ အခြေခံပြီး ဖွဲ့စည်းထားတာပါ။ ကျွန်မတို့ အုပ်စုက ခက်ခဲတဲ့ အုပ်စုဖြစ်ပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမှာပါ" ဟု ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၅ အမျိုးသမီးအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မေ ၈ရက်တွင် အိမ်ရှင်လာအိုအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပြီး မေ ၁၀ ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ မေ ၁၂ ရက်တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊ မေ ၁၆ ရက်တွင် မလေးရှားအသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here