EPL News

ဗိုလ်စွဲခဲ့သော နယူးကာဆယ်

May 08 , 2017

လွန်ခဲ့သော ရာသီက တန်းဆင်းသွားရသော နယူးကာဆယ်အသင်းမှာ ယခုရာသီ ချန်ပီယံရှစ်တွင် ၄၆ ပွဲကစား ၉၄ မှတ်ဖြင့် ဗိုလ်စွဲခဲ့ကာ ပရီးမီးယားလိဂ်သို့လည်း ပြန်တက်နိုင်ခဲ့ပြီ ဖြစ်သည်။

ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲများတွင် အမှတ်ပေးဇယားထိပ်မှ ဘရိုက်တန်မှာ အဆင့် ၁၃ မှ ဗီလာအသင်းနှင့် အဝေးကွင်းပွဲကစားရာတွင် ပွဲပြီးခါနီးမှ ဂိုးပြန်ပေးလိုက်ရသဖြင့် ၁ဂိုးစီသရေ ကျသွားခဲ့ကာ ဒုတိယနေရာမှ နယူးကာဆယ်မှာ အိမ်ကွင်းတွင် အဆင့် ၁၄ ဘန်စလေကို ၃ဂိုးပြတ်ဖြင့် နိုင်အောင်ကစားသွားခဲ့ခြင်းကြောင့် နယူးကာဆယ်က ဇယားထိပ် သို့ရောက်ရှိ ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် ဆန်းဒါးလန်းတစ်သင်းသာ တန်းဆင်းရန် သေချာသွားခဲ့ပြီး အခြား၂ နေရာအတွက် လက်ကျန်ပွဲများတွင် အသည်းအသန်ရုန်းကြရဦးမည် ဖြစ်သော်လည်း ချန်ပီယံရှစ်၌မူ ပွဲစဉ်များ ကုန်ဆုံးသွားခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင် ကျင်လည်ခဲ့ဘူးသော ဘလက်တန်း၊ ၀ီဂန်တို့မှာ ရိုသာဟမ်အသင်းနှင့် အတူ လိဂ်ဝမ်းသို့ ဆက်လက်တန်းဆင်းသွားကြရပြီ ဖြစ်သည်။

ချန်ပီယံရှစ်မှ နယူးကာဆယ်နှင့် ဘရိုက်တန်တို့ တိုက်ရိုက်တန်းတက်ခွင့်ရခဲ့ပြီး နောက်တစ်နေရာစာအတွက် ဟတ်ဒါစ်ဖီးလ်၊ ရှဖီးဝက်နက်စ်ဒေး၊ ဖူဟမ်၊ ရီးဒင်းတို့ Play-Off ကစားကြတာ ကြိုးစားကြရဦးမည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here