EPL News

အောင်မြင်ရေးအတွက် မန်ယူ၏ ရင်းနှီးမှုများ

May 09 , 2017

ယခုရာသီတွင် အနည်းဆုံး ချန်ပီယံလိဂ်ဝင်ခွင့်ရစေမည်ဟူသော ရည်မှန်းချက်ပန်းတိုင်အတွက် မန်ယူအသင်းမှာ လစာနှုန်းနှင့် ပြောင်းရွှေ့ကြေးမြင့်မားလှသူတို့ကို ခေါ်ယူကာ ကြိုးစားနေခဲ့သော အသင်းဖြစ်သည်။

PSG မှ ၀ါရင့်တိုက်စစ်မှုး ဆွီဒင်သား မိုဗစ်ကို တစ်ပါတ်လစာငွေ ပေါင် ၃၆၇၆၄၀၊ ပိုဂဘာကို ပေါင် ၁၆၅၀၀၀ပေးကာ မျှော်လင့်ချက်ကြီးစွာထား၍ ကြိုးပမ်းခဲ့လေသည်။

စူပါအေးဂျင့်ဖြစ်သူ ရိုင်အိုလာမှာ ပိုဂဘာ၏အပြောင်းအရွှေ့တွင် အကျိုးအမြတ်များစွာရရှိခဲ့သူဖြစ်ပြီး မန်ယူကလည်း ပေါင် သန်း ၉၀ ပေးကာ များစွာ မျှော်လင့်ခဲ့သူ ဖြစ်သည်။

လက်ရှိအခြေအနေတွင် မန်ယူအသင်းမှာ နိုင်သင့်သောပွဲများကို သရေကျ၊ သရေကျသင့်သော ပွဲများကို ရှုံးခဲ့ပြီး လက်ရှိပရီးမီးယား အသင်း ၂၀ အထဲတွင် သရေပွဲအများဆုံးအသင်း (၁၄ပွဲ)အဖြစ် စံချိန်တင်ထားဆဲ ဖြစ်သည်။

ထိုသို့သော အနေအထားများကြောင့် အမှတ်ပေးဇယားအဆင့် ၅တွင်သာ ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ယူရိုပါလိဂ်တွင် ဗိုလ်စွဲရေးကိုသာ ဦးတည်ကြိုးပမ်းနေရပြီ ဖြစ်သည်။

ယူရိုပါလိဂ်တွင် ဆီမီး ဒုတိယအကျော့၌ အနည်းဆုံးသရေကစားနိုင်ပါက ဗိုလ်လုပွဲရောက်မည်ဖြစ်ပြီး ထိုအဆင့်တွင် အေဂျက်(သို့မဟုတ်) လိုင်ယွန်နှင့် တွေ့ရမည် ဖြစ်သည်။

ယူရိုပါလိဂ်တွင် ဗိုလ်မစွဲခဲ့ပါက ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ဝေးသွားမည်ဖြစ်ပြီး နစ်နာမှုမှာ ပေါင် ၈၅ သန်းခန့်အထိ ရှိသွားလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here