EPL News

အိမ်ကွင်းပွဲ ၃၀၀ နိုင်သော ချဲလ်ဆီး

May 09 , 2017

ယမန်နေ့က မစ်ဒယ်ဘရော့ကို ၃-၀ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းမှာ အိမ်ကွင်းတွင် ပရီးမီးယားလိဂ်ပွဲ ၃၀၀ အနိုင်ရ ရှိသော တတိယမြောက် အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။

မစ်ဒယ်ဘရော့နှင့် ပွဲတွင် ချဲလ်ဆီးမှ ကော်စတာက သူအတွက် ယခုရာသီ ဂိုး ၂၀ မြောက် ပရီးမီးယားလိဂ်ဂိုးကို စတင်သွင်းယူ ခဲ့ပြီး အလွန်ဆို၊ မာတစ်တို့ကလည်း တစ်ဂိုးစီသွင်းယူခဲ့သည်။

ထိုဂိုးများကြောင့် မစ်ဒယ်ဘရော့မှာ ချန်ပီယံရှစ်သို့ တန်းဆင်းသွားရပြီး ချဲလ်ဆီးမှာ ၃ရာသီအတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်ရေးအတွက် များစွာ သေချာသွားခဲ့ပြီ ဖြစ်သည်။

ချဲလ်ဆီးအနေနှင့် လာမည့်သောကြာနေ့ ၀က်စ်ဘရွန်း(အဆင့် ၈)နှင့် ပွဲတွင် အနိုင်ရခဲ့ပါက ပရီးမီးယားချန်ပီယံဆုကို ဆွတ် ခူးနိုင်မည် ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် အိမ်ကွင်းနိုင်ပွဲအများဆုံးအဖြစ် စံချိန်တင်ထားသည့် အသင်းမှာ ၃၄၇ ပွဲ နိုင်ပွဲရ မန်ယူအသင်းဖြစ်ပြီး ဒုတိယနေရာတွင် အိမ်ကွင်းနိုင်ပွဲ ၃၀၆ ပွဲဖြင့် အာဆင်နယ်က ရပ်တည်လျက်ရှိသည်။

မစ်ဒယ်ဘရော့ကို နိုင်ခဲ့သည့်ပွဲမှာ ချဲလ်ဆီးအတွက် ယခုရာသီ ၁၅ ပွဲမြောက် အိမ်ကွင်းနိုင်ပွဲလည်း ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here