Champions League

ရေပန်းမစားပါဆိုတဲ့ ဇီဒန်း

May 11 , 2017

မိမိတို့ ရီးရဲလ်အနေနှင့် ဂျူဗင်တပ်နှင့် တွေ့ရမည့် ချန်ပီယံလိဂ်ဖိုင်နယ်တွင် ဗိုလ်စွဲရန် ရေပန်းစားနေခြင်းမရှိပါကြောင်း နည်းပြ ဇီဒန်းက ပြောဆိုလိုက်သည်။

ရီးရဲလိအသင်းမှာ ဆီမီးဖိုင်နယ် ဒု/ကျော့တွင် မြိ့ခံပြိုင်ဘက် အက်သလက်တီကိုကို ၂-၁ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်း ၄-၂ဖြင့် ဗိုလ်လုပွဲသို့ တက်လာခြင်းဖြစ်ပြီး အကယ်၍ ယင်းဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက ချန်ပီယံလိဂ်သမိုင်းတွင် ၂ကြိမ်ဆက် ဗိုလ်စွဲသော ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲများ၏ အစအဖြစ် ၁၉၂၇ တွင် ချဲလင့်ခ်ျကပ်ဟူသော အမည်ဖြင့် စတင်ကျင်းပဲခဲ့ပြီး ထိုစဉ်က အသင်း အနည်းငယ်သာ ပါဝင်ခဲ့သော်လည်း ၁၉၅၅-၅၆ ဘောလုံးရာသီမှစ၍ အသင်း ၁၆ သင်း ပါဝင်သော ဥရောပဖလား ပြိုင်ပွဲအမည်ဖြင့် ပြောင်းလဲကျင်းပလာခဲ့သည်။

၁၉၉၂-၉၃ တွင် ချန်ပီယံလိဂ်ဖလားပွဲဟု ပြောင်းလဲခေါ်ဝေါ်ကျင်းပလာခဲ့ပြီး ထူးခြားမှုမှာ မည်သည့်အသင်းမျှ ၂နှစ်ဆက်တိုက် ဗိုလ်စွဲမှုမရှိခဲ့ခြင်း ဖြစ်သည်။

ဥပမာအားဖြင့် မီလန်အသင်းမှာ ၁၉၉၄ တွင် ဗိုလ်စွဲခဲ့သော်လည်း ၁၉၉၅တွင် ဒုတိယသာရရှိမှု၊ အေဂျက်အနေနှင့် ၁၉၉၅ တွင် ဗိုလ်စွဲခဲ့သော်လည်း ၁၉၉၆ တွင် ဒုတိယသာရရှိမှု၊ မန်ယူအနေနှင့် ၂၀၀၈ တွင် ဗိုလ်စွဲခဲ့သော်လည်း ၁၉၉၇ တွင် ဒုတိယသာရရှိမှု စသည့်ထူးခြားချက်များ ဖြစ်သည်။

ယခု ၂၀၁၆-၁၇ ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲကို လာမည့် ဇွန်လ ၃ရက်နေ့ ကာဒစ်ကွင်းတွင် ကျင်းပမည်ဖြစ်ရာ ၂၀၁၅-၁၆ ချန်ပီယံ ရီးရဲလ်သာ အနိုင်ရခဲ့ပါက ၂နှစ်ဆက်တိုက် ဗိုလ်စွဲမှုအဖြစ် စံချိန်တင်မည် ဖြစ်သည်။

ရီးရဲလ်အသင်းမှာ ဥရောပဖလားပွဲနှင့် ချန်ပီယံလိဂ်ဖလားပွဲများတွင် ၁၁ကြိမ် ဗိုလ်စွဲထားကာ ဒုတိယ ၃ကြိမ်ရရှိခဲ့ပြီး ဂျူဗင်တပ်က ၂ကြိမ် ဗိုလ်စွဲထားကာ ဒုတိယ ၆ကြိမ်ရဘူးသော အသင်းဖြစ်သည်။

ယခု ၂၀၁၆-၁၇ အတွက် ချန်ပီယံလိဂ် ၀င်ခွင့်ရအသင်းများအတွက် အဆင့်လိုက် ရရှိမည့် ဆုကြေးမှာ ဗိုလ်စွဲသောအသင်းက ယူရို ၁၅သန်းခွဲရရှိမည်ဖြစ်ပြီး ဒုတိယရသည့်အသင်းက ယူရို ၁၁သန်း ရရှိမည် ဖြစ်သည်။

လက်ရှိ ရီးရဲလ်နည်းပြ ဇီဒန်းမှာ ဂျူဗင်တပ်အောင်မြင်နေသည့် ၁၉၉၆ မှ ၂၀၀၁အတွင်း ဂျူဗင်တပ်၏ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ယင်းအသင်းမှ ရီးရဲလ်သို့ ပြောင်းရွှေ့ကစားခဲ့သူ ဖြစ်သည်။

စီးရီးအေ ချန်ပီယံလည်းဖြစ်သည့် ဂျူဗင်တပ်အသင်းမှာ ယခုနှစ်ချန်ပီယံလိဂ်ပွဲစဉ် ၁၂ပွဲတွင် ပေးဂိုး ၃ဂိုးသာ ရှိထားသော အသင်းဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here