EPL News

ပုံမှန်ပွဲထွက်ရလျှင် ဆက်နေမည်

May 11 , 2017

မန်ယူအသင်းနှင့် အင်္ဂလန်အသင်းခေါင်းဆောင်ရွန်းနီက သူ့အနေနှင့် မန်ယူတွင် ပုံမှန်ပွဲထွက်ခွင့်ရမည်ဆိုပါက အသင်းတွင် ဆက်နေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

၂၀၀၄ တွင် အဲဗာတန်မှ မန်ယူသို့ ပြောင်းရွှေ့လာခဲ့သော ရွန်းနီမှာ အသင်းတွင် ၁၃ နှစ်ကြာခဲ့ပြီဖြစ်ပြီး နည်းပြ မော်ရင်ဟို လက်ထက် ယခုရာသီတွင်မှ ကစားခွင့် ကန့်သတ်ခံရကာ ပုံမှန်ပွဲထွက်ခွင့်ဆုံးရှုံးခဲ့သူ ဖြစ်သည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သော ရွန်းနီမှာ ပုံမှန် မကစားရခြင်းကြောင့် ယခုလာမည့်နွေတွင် မန်ယူကို စွန့်ခွာတော့မည်ဟု သတင်းကြီးနေသူ ဖြစ်သည်။

ရွန်းနီက "ဆဲလ်တာနှင့် ကစားရမည့် ယူရိုပါလိဂ် ဆီမီး ဒု/ကျော့ မတိုင်မီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ကျနော် ဒီရောက်နေတာ ၁၃ နှစ်ရှိပါပြီ၊ ဘောလုံးကို ဆက်ကစားချင်ပါသေးတယ်။ ဒါပေမယ့်  ဒီရာသီမှာ ကျနော် ကစားချင်သလောက် ကစားခွင့်မရခဲ့ပါဘူး။ ကျနော်ဟာ ကစားသမားတစ်ယောက် ဖြစ်နေတာမို့ ကစားရချိန်အတွင်းမှာတော့ အသင်းအတွက်  အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးခဲ့ပါတယ်။ မန်ယူအနေနဲ့ ယူရိုပါလိဂ် ဖလားရခဲ့မယ့်ဆိုရင် မော်ရင်ဟိုအတွက်  ဒီရာသီ တတိယမြောက်ဖလားပါပဲ၊ အသင်းအနေနဲ့ ဆက်ပြီး အောင်မြင်နေဦးမှာပါလို့ ကျနော် ယုံကြည်ပါတယ်" ဟု ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back EPL News


Advertisement
Here