Europa League

ဖိုင်နယ်ရောက် မန်ယူနှင့် အေဂျက်

May 12 , 2017

၂၀၁၆-၁၇ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့် ကစားပြီးသွားပြီဖြစ်ကာ နောက်ဆုံးဗိုလ်လုပွဲအဆင့်သို့ ရောက်ရှိလာ ပြီဖြစ်ပြီး တွေ့ဆုံမည့် ၂သင်းမှာ မန်ယူနှင့် အေဂျက်တို့ ဖြစ်ကြသည်။

ယခင်က UEFA ဖလားပွဲဟု ခေါ်တွင်ခဲ့သော ပြိုင်ပွဲကို ၁၉၇၁-၇၂ ရာသီတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၀၉-၁၀ရာသီမှစ၍  ယူရိုပါလိဂ်ဖလားပွဲဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုရာသီပြိုင်ပွဲတွင် ဗိုလ်စွဲသောအသင်းက ဆုကြေး ယူရို ၆သန်းခွဲရရှိမည်ဖြစ်ပြီး ဒုတိယရသည့်အသင်းက ယူရို ၃သန်းခွဲရရှိ မည် ဖြစ်သည်။

ယူရိုပါလိဂ်ပြိုင်ပွဲတွင် ပရီးမီးယားလိဂ်မှ လီဗာပူး၊ စပါး၊ ချဲလ်ဆီးတို့ ဗိုလ်စွဲခဲ့ကြဘူးသော်လည်း  မန်ယူ၊ အာဆင်နယ်စသည့် အသင်းတို့မှာ ထိုစာရင်းတွင် ပါဝင်ခဲ့ခြင်းမရှိပေ။

ယခုရာသီ ဗိုလ်လုပွဲရောက် အေဂျက်မှာ ၁၉၉၂တွင် ၁ကြိမ် ဗိုလ်စွဲခဲ့ဘူးပြီး မန်ယူသာအနိုင်ရပါက ယူရိုပါလိဂ်တွင် ပထမဆုံး ဗိုလ်စွဲသည့် အသင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

အေဂျက်အသင်းမှာ ပြည်တွင်းတွင် လက်ရှိ အဆင့် ၂နေရာ၌ ရှိနေပြီး မန်ယူက အဆင့် ၆ ဖြစ်သည်။

နောက်ဆုံး ဗိုလ်လုပွဲကို လာမည့် မေလ ၂၄ ရက်နေ့ ဆွီဒင်နိုင်ငံ စတောဟုမ်းမြို့ရှိ ဖရန်းစ်အေရီနာကွင်းကြီးတွင် ကျင်းပမည် ဖြစ်သည်။

U Myo Thant




<< Back Europa League


Advertisement
Here