Europa League

ပြီးပြည့်စုံမယ့် ရာသီ

May 12 , 2017

အကယ်၍ ယူရိုပါလိဂ်ဖိုင်နယ်တွင် ဗိုလ်စွဲခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါက  ၂၀၁၆-၁၇ ရာသီမှာ မန်ယူနှင့် သူ့အတွက် ပြီးပြည့်စုံ သည့် ရာသီဖြစ်လာလိမ့်မည်ဟု နည်းပြ မော်ရင်ဟိုက ပြောဆိုလိုက်သည်။

မန်ယူအသင်းမှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် ဆဲလ်တာဗီရိုအသင်းကို နှစ်ကျော့ပေါင်း ၂-၁ဖြင့် ကျော်ဖြတ်နိုင်ခဲ့ကာ ဗိုလ်လုပွဲသို့ တက်နိုင်ခဲသည်။

ဆွီဒင်နိုင်ငံ  စတော့ဟုမ်းတွင် မေလ ၂၄ ရက်နေ့ ကျင်းပမည့် ဗိုလ်လုပွဲနှင့် ပတ်သက်၍ မော်ရင်ဟိုက "ကျနော်တို့နဲ့ တွေ့ရမယ့် အေဂျက်ဟာ လာမည့် တနင်္ဂနွေဆိုရင် သူတို့အမှတ်ပေးရာသီကုန်ဆုံးသွားပါပြီ။ ဒီတော့ သူတို့ဟာ ဖိုင်နယ်အတွက် ပြင်ဆင်ချိန် ၁၀ ရက်လောက်ရတဲ့ သဘောပါ။ ကျနော်တို့အတွက်  ယူရိုပါလိဂ်ပွဲတွေပါ ကစားရတဲ့ ဒီရာသီဟာ အတော်ခက်ခဲတဲ့ရာသီပါ။ ဒါပေမယ့် နိုင်ခဲ့မယ့်ဆိုရင်တော့ အံ့ဩစရာ ရာသီလို့လည်း ဆိုနိုင်မှာပါ" ဟု ပြောဆိုခဲ့သည်။

မန်ယူအနေနှင့် ယူရိုပါလိဂ်ဖိုင်နယ် မတိုင်မီ ၃ရက်အလိုထိ ပရီးမီးယားပွဲများ ကစားရဦးမည်ဖြစ်ပြီး ၁၄ ရက်နေ့တွင် စပါး၊ ၁၈ ရက်နေ့တွင် ဆောက်သင်တန်၊ ၂၁ ရက်နေ့တွင် ခရစ္စတယ်ပဲလေ့စ်တို့နှင့် တွေ့ဆုံရမည် ဖြစ်သည်။

U Myo Thant




<< Back Europa League


Advertisement
Here