EPL News

ကွန်တီကိုခေါ်ချင်တဲ့ အင်တာ

May 12 , 2017

စီးရီးအေ အင်တာမီလန်အသင်းမှာ ပရီးမီးယားချန်ပီယံဖြစ်တော့မည့် ချဲလ်ဆီးအသင်းမှ နည်းပြကွန်တီကို ခေါ်ယူနိုင်ရန် ပြင် ဆင်နေကြောင်း သိရသည်။

တရုတ်ကုမ္ပဏီက ပိုင်ဆိုင်ထားပြီဖြစ်သော အင်တာမှာ ကွန်တီကို ၁နှစ်လစာ ပေါင် ၁၂သန်းခွဲပေး၍ ခေါ်ယူရန် ကြိုးစား မည်ဖြစ်ကြောင်းနှင့် ကွန်တီ အလိုရှိသူများကိုလည်း နည်းပြအဖွဲ့ဝင်များအဖြစ် ခန့်အပ်ပေးလိမ့်မည်ဖြစ်ကြောင်း သတင်း များထွက်ပေါ်လျက်ရှိသည်။

နည်းစနစ်ဆိုင်ရာ ၀န်ထမ်းများကိုလည်း ကွန်တီ၏ လုပ်ဖော်ကိုင်ဘက်ဟောင်းများနှင့် ပြောင်းလဲခန့်အပ်ပေးလိမ့်မည်ဟုလည်း ဆိုသည်။

အင်တာအသင်းမှာ နည်းပြပီအိုလီကို  ယခုအပတ်အတွင်း ထုတ်ပယ်ခဲ့ပြီဖြစ်ပြီး လာမည့်ရာသီအတွက် ကွန်တီ၏ အရင်းနှီးဆုံး လူများကို အသင်းသို့ ရောက်လာရန် အင်တာ တာဝန်ရှိသူများက အကြံထုတ်လျက်ရှိသည်။

ရိုးမားအားကစားဒါရိုက်တာဟောင်းတစ်ဦးဖြစ်သူ ဆာဘီယာတီနီ၊  အင်တာ အားကစားဒါရိုက်တာဟောင်းဖြစ်သူ အိုရီရယ်လီ၊ ကင်းထောက်တစ်ဦးဖြစ်သည့် ဘက်ဆင်၊ ဂျီနိုအာလူငယ်အသင်းနည်းပြ ဆယ်လီနီ အစရှိသော ကွန်တီနှင့် လက်တွဲခဲ့ဘူး သူများကို အင်တာက လိုက်လံချိတ်ဆက်နေပြီး ချဲလ်ဆီးက ပေးထားသည့် ၁နှစ်လစာ ပေါင် ၆သန်းခွဲ၏ ၂ဆနီးပါးဖြစ်သော ပေါင် ၁၂သန်းခွဲဖြင့် ကွန်တီကို ဆွဲဆောင်နိုင်ရန် အင်တာက ကြိုးပမ်းသွားလိမ့်မည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here