La-liga News

နည်းပြသစ်ခန့်သော ဗလင်စီယာ

May 12 , 2017

လာလီဂါကလပ်တစ်ခုဖြစ်သော ဗလင်စီယာအသင်းမှာ မာဆီလီနိုကိုလာမည့်ရာသီအတွက် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ် သည်။

ဗလင်စီယာအသင်းမှာ ယခုရာသီတွင် မတည်ငြိမ်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး နည်းပြ အေရက်စ်တာရန်လက်ထပ်တွင် တန်းဆင်း ဇုန်ဘက်အထိ ရောက်ရှိခဲသဖြင့် အေရက်စ်တာရန်ကို ထုတ်ပယ်ကာ ပရန်ဒယ်လီကို အစားထိုးခန့်အပ်ခဲ့သည်။

သို့သော် ဘုတ်အဖွဲ့နှင့် အဆင်မပြေခြင်းကြောင့် ပရန်ဒယ်လီမှာ ဒီဇင်ဘာလတွင် နုတ်ထွက်သွားခဲ့သဖြင့် ဗိုရိုကို  ဇန်န၀ါရီလ မှစတင်၍  နည်းပြအဖြစ်ခန့်အပ်ခဲ့သည်။

ဗလင်စီယာအသင်းမှာ ဧပြီလဆန်းပိုင်းမှစ၍ ၃ပွဲနိုင် ၁ပွဲသရေ ပြန်ကစားနိုင်ခဲ့သော်လည်း ၃ပွဲဆက် ပြန်ရှုံးခဲ့ကာ လွန်ခဲ့သော မေလ ၇ရက် အိုဆာဆူနာနှင့် ပွဲတွင်မှ နိုင်ပွဲပြန်ရခဲ့ပြီး လောလောဆယ်အဆင့် (၁၃)တွင် ရှိနေသောအသင်းဖြစ်သည်။

မာဆီလီနိုမှာ ဗီလာရီးရဲလ်အသင်းကို ထိပ်ဆုံး ၆သင်းစာရင်းဝင်ရန် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဗလင်စီယာ၏ မြို့ခံပြိုင်ဘက် လီဗန်တေး ကစားသမားဟောင်းတစ်ဦးဖြစ်ကာ ယခုအခါ ဗလင်စီယာနှင့် ၂နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here