EPL News

ချန်ပီယံဖြစ်ခဲ့သော ချဲလ်ဆီး

May 13 , 2017

ပွဲစဉ် ၃၇ အဖြစ် ၀က်ဘရွန်းနှင့် ကစားခဲ့သောပွဲတွင် ချဲလ်ဆီးအသင်းမှာ လူစားဝင်လာသော ဘတ်ရှရာရီ၏ ဂိုးဖြင့် အနိုင်ရကာ ၂၀၁၆-၁၇ ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သည်။

ဒုတိယနေရာမှ စပါးကို ၇မှတ်ဖြတ်၍ ဦးဆောင်နေခဲ့သော ချဲလ်ဆီးမှာ ယခုနိုင်ပွဲကြောင့် ၁၀ မှတ်ဖြတ်ထားနိုင်ပြီဖြစ်သဖြင့် ၃ပွဲကျန် စပါးအသင်း မည်သို့မျှ လိုက်မမီနိုင်တော့ပဲ ချန်ပီယံဆုကို ရရှိသွားခြင်း ဖြစ်သည်။

ပရိသတ် နှစ်သောင်းခွဲကျော် လာရောက်အားပေးခဲ့သော ထိုပွဲတွင် ချဲလ်ဆီးမှာ ပွဲချိန် ၈၁ မိနစ်တွင်မှ အနိုင်ဂိုးရခဲ့သော်လည်း ယင်းအနိုင်ဂိုးကို ဆက်ထိန်းထားနိုင်သောကြောင့် ၃ရာသီအတွင်း ဒုတိယအကြိမ်  ပရီးမီးယားချန်ပီယံအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပြီ ဖြစ်သည်။

စပါးအသင်းမှာ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်ရရန် သေချာနေသော်လည်း နောက်တစ်နေရာအတွက်နှင့် ခြေစစ်ပွဲမှ တစ်ဆင့် ၀င်ခွင့်ရမည့် တစ်နေရာတို့အတွက် လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်၊ မန်ယူတို့မှာ မျှော်လင့်ချက်ကိုယ်စီဖြင့် အပြိုင် ကစားကြရ ဦးမည် ဖြစ်သည်။

မစ်ဒယ်ဘရော့နှင့် ဆန်းဒါးလန်းတို့ တန်းဆင်းသွားရပြီဖြစ်သော်လည်း ကျန်တစ်နေရာအတွက် ဟောလ်၊ ဆွမ်ဆီး၊ ပဲလေ့စ်တို့ ၃သင်းမှာ အန္တရာယ်ရှိနေဆဲ့ အနေအထားတွင် ရှိနေကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here