EPL News

တန်းဆင်းသွားသော ဟောလ်

May 15 , 2017

တန်းဆင်းပြိုင်ဘက်ဖြစ်သော ဆွမ်ဆီးအသင်းမှာ ဆန်းဒါးလန်းကို ၂-၀ဖြင့် အနိုင်ရခဲ့ပြီး မိမိကိုယ်တိုင်ကမူ ခရစ္စတယ်ပဲလေ့စ်ကို ၄-၀ဖြင့် ဂိုးပြတ်ရှုံးခဲ့သောကြောင့် ဟောလ်စီးတီးအသင်းမှာ မစ်ဒယ်ဘရောံ၊ ဆန်းဒါးလန်းတို့နှင့် အတူ ချန်ပီယံရှစ်သို့ တန်းဆင်း သွားရပြီ ဖြစ်သည်။

တန်းဆင်းသွားသော ၃သင်းလုံးမှာ နောက်ဆုံး ၅ပွဲတွင် ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၃ပွဲရှုံးဟူသောရလဒ်တူညီစွာရခဲ့သည့် အသင်း များဖြစ်ကြသည်။

အဝေးကွင်းတွင် ကစားရသော ဟောလ်စီးတီးမှာ ပထမပိုင်းတွင်ပင် ၂ဂိုးပြတ် ရှုံးနေခဲ့ခြင်းဖြစ်ပြီး ဒုတိယပိုင်းတွင် နောက်ထပ် ၂ဂိုး ပေးခဲ့ရခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် တန်းဆင်းအသင်းများနှင့် ချန်ပီယံအသင်းတို့ အဖြေပေါ်ခဲ့ပြီဖြစ်သော်လည်း ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့် တစ်နေရာနှင့် ခြေစစ်ပွဲမှ တစ်ဆင့်ဝင်ခွင့် တစ်နေရာတို့အတွက် လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်တို့ ၃သင်းအပြိုင်ဖြစ်နေပြီး မန်ယူမှာမူ စပါးကို ရှုံးခဲ့သောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးအတွက် ယူရိုပါလိဂ် ချန်ပီယံဖြစ်ရန်ကိုသာ ပစ်မှတ်ထား ရတော့မည် ဖြစ်သည်။

လီဗာပူးက ၃၇ ပွဲကစား ၇၃ မှတ်၊ မန်စီးတီးက ၃၆ ပွဲကစား ၇၂ မှတ်၊ အာဆင်နယ်က ၃၆ ပွဲကစား ၆၉ မှတ်ရထားကြပြီး မန်စီးတီးနှင့် လီဗာပူးတို့မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမျှော်လင့်ဆုံး အနေအထားတွင် ရှိနေကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here