La-liga News

နိုင်သော်လည်း တန်းဆင်းရသူ

May 15 , 2017

လာလီဂါကလပ် စပို့တင်းဂီဂျွန်းအသင်းမှာ ပွဲစဉ် ၃၇ တွင် နိုင်ပွဲရခဲ့သော်လည်း သူ၏အထက်မှ ဒီပို့ဒီဗိုကလည်း ဗီလာရီးရဲလ်ကို သရေကစားနိုင်ခဲ့ခြင်းကြောင့် စပို့တင်းမှာ တန်းဆင်းရပြီ ဖြစ်သည်။

ပွဲစဉ် ၃၇ မတိုင်မီတွင် အဆင့် ၁၈ စပို့တင်းက အမှတ် ၁၇၊ အဆင့် ၁၇ ဒီပို့က ၃၂ မှတ်ရထားကြရာ စပို့တင်းက နိုင်ပွဲရပြီး ဒီပို့ရှုံးခဲ့ပါလျှင် နောက်ဆုံး ပွဲစဉ် ၃၈ မှာ ကြည့်ကောင်းမည့် ရာသီသိမ်းပွဲစဉ်ဖြစ်လာနိုင်သော်လည်း ဒီပို့မှာ သရေကစား သွားနိုင်ခဲ့သဖြင့် ပွဲစဉ် ၃၇ အပြီးတွင် စပို့တင်း တန်းဆင်းရန် သေချာခဲ့ခြင်း ဖြစ်သည်။

လာလီဂါတွင် တန်းဆင်းအသင်းများမှာ စပို့တင်း၊ အိုဆာဆူနာ၊ ဂရာနာဒါတို့ဖြစ်ခဲ့ပြီး ချန်ပီယံဆုအတွက်မူ ချဲလ်ဆီးက ရရှိသွားပြီ ဖြစ်သည်။

လာလီဂါတွင် ချန်ပီယံဖြစ်မည့်အသင်းမှာ အဖြေမပေါ်သေးသော်လည်း ဘာစီလိုနာ၊ ရီးရဲလ်နှင့် အက်သလက်တီကိုတို့မှာ လာ မည့်နှစ် ဥရောပဖလားပွဲ(ချန်ပီယံလိဂ်ပွဲ) ၀င်ခွင့်ရရန် သေချာနေပြီ ဖြစ်သည်။ ခြေစစ်ပွဲမှတစ်ဆင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာ အတွက် ဆီဗီးလားက ရရှိသွားပြီဖြစ်ပြီး ဗီလာရီးရဲလ်၊ ဘီဘာအို၊ ဆိုစီဒက်အသင်းများက ယူရိုပါလိဂ် ၂နေရာစာကို လုကြရမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here