La-liga News

စံချိန်တင်သော ရီးရဲလ်

May 15 , 2017

ရီးရဲလ်အသင်းမှာ ပြိုင်ပွဲပေါင်းစုံအတွက် နောက်ဆုံး ၆၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ဘိုင်ယန်ကိုကျော်ကာ စံချိန်သစ် တင်နိုင်ခဲ့ပြီ ဖြစ်သည်။

တနင်္ဂနွေနေ့က ကစားခဲ့သော လာလီဂါပွဲစဉ်တွင် ရီးရဲလ်ဟာ ဆီဗီးလားကို ၄-၁ဖြင့် အနိုင်ရရှိခဲ့ပြီး ယင်းမှာ ၆၂ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် ပွဲဖြစ်သည်။

ထိုပွဲတွင် စီရိုနယ်ဒိုက ၂ဂိုး သွင်းယူနိုင်ခဲ့သဖြင့် ရီးရဲလ်အတွက် သူသွင်းပေးခဲ့သည်မှာ ၄၀၁ ဂိုး ရှိခဲ့ပြီ ဖြစ်သည်။

ရီးရဲလ်၏ပြိုင်ဘက် ဘာစီလိုနာမှာလည်း ပါးမက်စ်ကို ၄-၁ဖြင့်ပင် အနိုင်ရခဲ့ကာ ရီးရဲလ်နှင့် အမှတ်တူ Head to Head အသာဖြင့် ဇယားထိပ်တွင် ရှိနေဆဲ ဖြစ်သည်။

သို့သော် ရီးရဲလ်မှာ လက်ကျန်ပွဲ ၁ပွဲ ကစားရန် ကျန်နေသေးသဖြင့် ကစားရမည့် ၂ပွဲမှ ၄ မှတ်ရခဲ့လျှင် ၂၀၁၂ နောက်ပိုင်း လာလီဂါဆုဖလားကို ပထမဆုံး ပြန်ရသည့်အသင်းအဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

လက်ကျန်ပွဲတွင် ဘာစီလိုနာက အိုင်ဘာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး ရီးရဲလ်က ဆဲလ်တာဗီရို၊ မာလာဂါအသင်းများနှင့် အဝေးကွင်းပွဲ ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here