EPL News

မနားသေးသော တယ်ရီ

May 16 , 2017

ချဲလ်ဆီးအသင်းခေါင်းဆောင်တယ်ရီက သူ့အနေနှင့် ကစားသမားဘ၀မှ အနားယူရန် အစီအစဉ်မရှိသေးကြောင်း ပြောဆိုလိုက် သည်။

ဝတ်ဖို့ဒ်နှင့် ကစားခဲ့သော ပွဲစဉ်တွင် ချဲလ်ဆီးက ၄-၃ဖြင့် အနိုင်ရရှိခဲ့ပြီး ၂၂ မိနစ်တွင် တယ်ရီက ဦးဆောင်ဂိုး သွင်းပေးခဲ့သူ ဖြစ် သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော တယ်ရီမှာ ယခုရာသီကုန်တွင် ချဲလ်ဆီးနှင့် လမ်းခွဲရတော့မည်ဖြစ်သော်လည်း အနားယူရန် စိတ် ကူးမရှိသေးကြောင်း ပြောဆိုခဲ့သည်။

ချဲလ်ဆီးအသင်းမှာ ရာသီသိမ်းပွဲစဉ်အဖြစ် လာမည့် တနင်္ဂနွေနေ့တွင် ဆန်းဒါးလန်းကို ဧည့်ခံရမည်ဖြစ်ပြီး ထိုပွဲနှင့် ပတ်သက်၍ "လာမယ့် တနင်္ဂနွေပွဲမှာ ကျနော်မပါဘူးလို့ မပြောနိုင်ပါဘူး။ ကျနော့်ကို ကမ်းလှမ်းလာမှာတွေရှိနေတာမို့ သင့်တော်တဲ့ ကမ်းလှမ်း မှုမျိုးဆိုရင် ကျနော် စဉ်းစားသွားမှာပါ။ အဲဒီလို စဉ်းစားရာမှာ ကျနော့် မိသားစုအတွက်လည်း ထည့်စဉ်းစားရပါလိမ့်မယ်။ လောလောဆယ် အနားယူဖို့ မဆုံးဖြတ်သေးသလို ဘယ်အသင်းကို သွားရမယ်ဆိုတာကိုလည်း စောင့်ကြည့်သွားမှာပါ" ဟု တယ်ရီက ပြောဆိုသွားခဲ့သည်။

ချဲလ်ဆီးတွင် နှစ်ပေါင်း ၂၀ ခန့်ကစားခဲ့သူမှာ စုစုပေါင်း ၇၁၆ ပွဲ ကစားခဲ့ပြီဖြစ်ပြီး ၅၇၉ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။

တယ်ရီမှာ ချဲလ်ဆီးနှင့် အတူ ပရီးမီးယားဖလား ၅ကြိမ်၊ လိဂ်ဖလား ၃ကြိမ်၊ ချန်ပီယံလိဂ်နှင့် UFL ဖလားများ ရခဲ့သူဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here