Gossips

နားတော့မည့် ဒီမစ်ချယ်လီ

May 16 , 2017

ဘိုင်ယန်၊ မန်စီးတီးတို့တွင် ကစားခဲ့ဘူးသော အာဂျင်တီးနားလက်ရွေးစင်ဟောင်း ဒီမစ်ချယ်လီမှာ ယခုရာသီကုန်တွင် ကစား သမားဘ၀မှာ အနားယူတော့မည် ဖြစ်သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော ဒီမစ်ချယ်လီမှာ လွန်ခဲ့သော ဇန်န၀ါရီလတွင်  လာလီဂါကလပ် အက်စပန်ညိုမှ မာလာဂါသို့ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး မာလာဂါအတွက် ၁၂ပွဲ ပါဝင်ကစားပေးခဲ့သည်။

အာဂျင်တီးနားအတွက် ၅၁ပွဲကစား ၂ဂိုးသွင်းပေးခဲ့ဘူးသူ ဒီမစ်ချယ်လီက သူ့အနေနှင့် ကစားသမားဘ၀ကို စွန့်လွှတ်ရန် အချိန် တန်ပြီဖြစ်ကြောင်း ယမန်နေ့က ပြောဆိုခဲ့သည်။

"ကျနော် အရိုးသားဆုံးပြောရရင် စိတ်က ကစားချင်သေးပေမယ့် ခန္ဓာကိုယ်က လိုက်ဖို့ မလွယ်တော့ပါဘူး။ ကျနော်ကို အားပေးခဲ့ သူ အားလုံးကို ကျနော်နှလုံးသားထဲကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျနော့်နှလုံးသားထဲမှာလည်း ကျနော် ကစားခဲ့ တဲ့ ကလပ်တွေကို ကျနော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး" ဟု ဒီမစ်ချယ်လီက ပြောဆိုသွားခဲ့သည်။

အာဂျင်တီးနားကလပ် ရေးဗားပလိတ် လူငယ် အကယ်ဒမီမှ အသင်းကြီးသို့ ရောက်ခဲ့ပြီးနောက် အာဂျင်တီးနား အမှတ်ပေးဖလား ၂ကြိမ်ရခဲ့သော ဒီမစ်ချယ်လီမှာ ၂၀၀၃တွင် ဘိုင်ယန်သို့ ရောက်လာကာ ဘွန်ဒစ်လီဂါဖလား ၄ကြိမ် ရခဲ့သည်။ ၂၀၁၁ တွင် မာလာဂါသို့ ရောက်လာပြီး ၂၀၁၂ တွင် အက်သလက်တီကို၊ ၂၀၁၃ တွင် မန်စီးတီးတို့သို့ ရောက်ခဲ့သည်။ မန်စီးတီးနှင့် ပရီးမီးယားဖလားရခဲ့ပြီး ၂၀၁၆ တွင် အက်စပန်ညိုသို့ ပြောင်းခဲ့ကာ နောက်ဆုံးတွင် မာလာဂါသို့ တစ်ကျော့ပြန် ရောက်လာခဲ့သူ ဖြစ်သည်။

U Myo Thant




<< Back Gossips


Advertisement
Here