EPL News

ယနေ့ည ပိုဂဘာ မပါနိုင်

May 17 , 2017

လက်ကျန်ပွဲစဉ်အဖြစ် ဆောက်သင်တန်နှင့် ယနေ့ည ကစားရမည့် ပွဲတွင် မန်ယူကွင်းလယ်ကစားသမား ပိုဂဘာ ပါဝင်မည် မဟုတ်ဟု သိရသည်။

ပိုဂဘာ၏ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့ခြင်းကြောင့် မန်ယူအသင်းက ပိုဂဘာကို ပြင်သစ်သို့ ပြန်ရန်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး ပိုဂဘာ ၏ ဖခင်မှာ အသက် ၇၉ နှစ်ရှိပြီဖြစ်ပြီး နာတာရှည်အဖျားရောဂါနှင့် ဆုံးပါးသွားခဲ့ခြင်း ဖြစ်သည်။

ပိုဂဘာတွင် နောက်ထပ် ညီငယ် ၂ဦးရှိပြီး အားလုံးမှာ ဘောလုံးသမားများဖြစ်ကြကာ ပိုဂဘာက ပြင်သစ်လက်ရွေးစင်အဖြစ် ကစားနေသော်လည်း ညီ ၂ယောက်မှာ ဂီနီအသင်းသားများ ဖြစ်ကြသည်။

ဆောက်သင်တန်ပွဲနှင့် ပတ်သက်၍ မန်ယူနည်းပြ မော်ရင်ဟိုက ဒီနေ့ပွဲမှာ ပိုဂဘာ မပါပါဘူး။ ကျနော်အနေနဲ့ ကစားသမား တချို့ကို အလှည့်ကျ ကစားစေမှာပါ။ ဒီပွဲမှာ ဘလိုင်းလည်း မပါပါဘူး။ ဖယ်လာနီကတော့ ကစားရမှာပါ။ ကျနော်အနေနဲ့ ရှိတဲ့ ကစားသမားတွေအပေါ် အခြေအနေကြည့်ပြီး ကစားခိုင်းရမှာပါ။ ကျနော်တို့အတွက် ဆောက်သင်တန်၊ ပဲလေ့စ်တို့နဲ့ ကစားရ မယ့် ၂ပွဲရယ် အေဂျက်နဲ့ပွဲရယ် ရှိနေပါတယ်။ ဘယ်ပွဲမှာ ဘယ်သူ့ကို ထုတ်သုံးမယ်ဆိုတာကတော့ ခုအချိန်မှာ သတ်မှတ် မထားသေးပါဘူး ဟု ပြောဆိုသွားခဲ့သည်။

လောလောဆယ်တွင် ပရီးမီးယားပွဲများမှာ ပွဲစဉ် ၃၇ ပြီးဆုံးခဲ့ပြီဖြစ်ပြီး ချဲလ်ဆီးက ၁၊ စပါးက ၂၊ မန်စီးတီးက ၃၊ လီဗာပူးက ၄၊ အာဆင်နယ်က ၅နှင့် မန်ယူက အဆင့် ၆ နေရာတို့တွင်ရှိနေပြီး တစ်ပွဲပို ကစားရမည့် မန်ယူက ပွဲအားလုံးနိုင်လျှင်သော်မှ အဆင့် ၆တွင်သာ ရှိနေမည်ဖြစ်သဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်သေချာစေရန် အေဂျက်နှင့် ယူရိုပါလိဂ်ဖိုင်နယ်ကိုသာ ခေါင်းထဲထည့် စဉ်း စားနေလိမ့်မည် ဖြစ်သည်။

 

U Myo Thant




<< Back EPL News


Advertisement
Here