EPL News

ဝင်းဂါးကို ပရိသတ်သပိတ်မှောက်

May 17 , 2017

ယမန်နေ့က ဆန်းဒါးလန်းကို ၂-၀ဖြင့် အနိုင်ရကာ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်လာနိုင်ခဲ့သော အာဆင်နယ်၏ပွဲစဉ်ကို ပရိသတ်ထောင်ပေါင်းများစွာက လာရောက်ကြည်ရှုအားပေးခြင်းမရှိပဲ သပိတ်မှောက်ခဲ့ကြသည်။

ပရိသတ် ၆သောင်းဝင်ဆံ့သော အမ်းမရိတ်စ်ကွင်းကြီးတွင် ထိုပွဲအတွက် လက်မှတ် ၅၉၅၁၀ ရောင်းချခဲ့ရသည်ဟု ဆိုခဲ့သော် လည်း လူမရှိသော ထိုင်ခုံလွတ်များစွာက ပရိသတ်များသပိတ်မှောက်မှုကို သက်သေပြနိုင်ခဲ့သည်။

ပရီးမီးယားဆုဖလားနှင့် ဝေးနေသည်မှာ ၁၀နှစ်ကျော်ကြာလာခဲ့ပြီး ယခုရာသီတွင်လည်း ဖလားလက်မဲ့ရာသီဖြစ်လာနိုင်ကာ ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လည်း ဝေးတော့မည့်အနေအထားတွင် ရှိနေခြင်းကြောင့် ပရိသတ်များက ၀င်းဂါးကို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အသင်းကိုအားပေးသော အဖွဲ့ ၂ခုမှ ပရိသတ်များက ၎င်းတို့အနေနှင့် ပွဲကိုမသွားခြင်းဖြင့် မိမိတို့ စိတ်ဆန္ဒကို ဖော်ထုတ် ခဲ့ကြကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။

ယခုရာသီအတွင်း ၀င်းဂါးအပေါ် ပရိသတ်များက ဆန္ဒပြခဲ့ကြသည့် မှတ်တမ်းများမှာ ၁၅-၅-၂၀၁၆ ဗီလာနှင့်ပွဲ (လွန်ခဲ့သောရာသီက)၊ ၁၇-၃-၂၀၁၇ ဘိုင်ယန်နှင့်ပွဲ၊ ၁၈-၃-၂၀၁၇ ၀က်ဘရွန်းနှင့်ပွဲ၊ ၂-၄-၂၀၁၇ မန်စီးတီးနှင့်ပွဲ၊ ၄-၄-၂၀၁၇ လေ့ကျင့်ရေးကွင်း၊ ၅-၄-၂၀၁၇ ၀က်စ်ဟမ်းနှင့်ပွဲ၊ ၂၉-၄-၂၀၁၇ အမ်းမရိတ်စ်ကွင်း၊ ၁၆-၅-၂၀၁၇ ဆန်းဒါးလန်းနှင့်ပွဲများ ဖြစ်ကြသည်။

U Myo Thant




<< Back EPL News


Advertisement
Here