EPL News

Play-Off ဖိုင်နယ်ရောက် ရီးဒင်း

May 17 , 2017

ပရီးမီးယားလိဂ်သို့ တက်ခွင့်ရရေးအတွက် ချန်ပီယံရှစ်မှ အသင်း ၄သင်းမှာ Play-Off ကစားခွင့်ရခဲ့ရာ ရီးဒင်းအသင်းအနေနှင့် ဖူဟမ်ကို နှစ်ကျော့ပေါင်း ၂-၁ဖြင့် အနိုင်ရပြီး ဖိုင်နယ်သို့ တက်လာပြီ ဖြစ်သည်။

ချန်ပီယံရှစ်မှ အဆင့်၃၊ ၄၊ ၅၊ ၆  အသင်း ၄သင်း Play-Off ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး အဆင့် ၃ ရီးဒင်းက အဆင့် ၆ ဖူဟမ်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကာ အဆင့် ၄ ရှဖီးနှင့် အဆင့် ၅ ဟတ်ဒါဖီးလ်တို့မှာ ပထမအကျော့တွင် ဂိုးမရှိသရေကျထားပြီး ယနေ့ည ဒုတိယအကျော့ကစားကြမည် ဖြစ်သည်။

ပရီးမီးယားလိဂ်မှ ဆန်းဒါးလန်း၊ မစ်ဒယ်ဘရော့၊ ဟောလ်စီးတီးတို့ တန်းဆင်းရချိန်တွင် ချန်ပီယံရှစ်မှ နယူးကာဆယ်၊ ဘရိုက်တန်တို့ တန်းတက်ခွင့်ရခဲ့ကာ နောက်တစ်နေရာစာအတွက် ရီးဒင်းတို့ ယှဉ်ပြိုင် နေကြခြင်း ဖြစ်သည်။

ယနေ့ညတွင် ရှဖီးနှင့် ဟတ်ဒါစ်ဖီးလ်တို့ ဒုတိယအကျော့ကစားကြပြီးနောက် နိုင်သည့်အသင်းက ၂၉ ရက်နေ့ ဖိုင်နယ်တွင် ရီးဒင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အနိုင်ရသူက ပရီးမီးယားလိဂ်အသင်းအဖြစ် တန်းတက်ရမည် ဖြစ်သည်။

ရီးဒင်းအသင်းကို ယခုရာသီ ကိုင်တွယ်နေသော ဂျပ်စတမ်းမှာ ၁၉၉၈ မှ ၂၀၀၁ အထိ မန်ယူတွင် ကစားခဲ့သော ဟော်လန်သား နောက်ခံလူတစ်ဦး ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here