EPL News

ဗန်ဒစ်ကို မရောင်းပါ

May 17 , 2017

မိမိတို့အသင်းကပ္ပတိန်ဖြစ်သူ နောက်ခံကစားသမား ဗန်ဒစ်ကို မည်သည့်နည်းနှင့်မျှ လွှဲပြောင်းရောင်းချမည်မဟုတ်ကြောင်း ဆောက်သင်တန်အသင်းဥက္ကဋ္ဌ ကရူဂါက ပြောဆိုလိုက်သည်။

မန်စီးတီး၊ လီဗာပူးတို့ အပါအ၀င် ကလပ်များစွာက ခေါ်ယူလိုနေသော ၂၅ နှစ်သား ဗန်ဒစ်နှင့် ပတ်သက်၍ "ကျနော်တို့ ဘယ်သူ့ကိုမှ ထုတ်ရောင်းမှာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ ဒီရာသီမှာ အခက်အခဲတွေရှိခဲ့ပေမယ့် ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ လာမယ့်ရာသီအတွက် အကောင်းဆုံးပြင်ဆင်သွားမှာပါ။ လက်ရှိအဆင့် ၈ဆိုပေမယ့် လာမယ့်ရာသီမှာ ဒီထက်ပိုတိုးဖို့ လိုသေးတာပေါ့" ဟု ပြောဆိုသွားခဲ့သည်။

ဆောက်သင်တန်အသင်းမှာ ယနေ့ညတွင် လက်ကျန်ပွဲစဉ်အဖြစ် မန်ယူနှင့် ကစားရမည် ဖြစ်သည်။

ဆောက်သင်တန်အသင်းမှာ လူကောင်းများဖြစ်သော လုခ်ရှော၊ လိုဗရန်၊ လယ်လာနာ၊ မာနီ၊ ကလိုင်နီ၊ ချမ်ဘာစ်၊ ၀န်ယာမာ၊ ရှနိုက်ဒါလင် အစရှိသော ကစားသမားများကို ပြောင်းရွှေ့ခွင့်ပေး ခဲ့ပြီးသည့်နောက် အသင်းရလဒ်နှင့် ခြေစွမ်းများ ကျဆင်းသွားကာ ယခင်ပုံစံမျိုးရရှိရန် ကြိုးစားရဦးမည် ဖြစ်သည်။

U Myo Thant




<< Back EPL News


Advertisement
Here