MNL News

မြန်မာအသင်း အမေရိကန်ဒေါ်လာ ၁၇၀၀၀၀ ရရှိမည်

May 18 , 2017

မြန်မာ့လက်ရွေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအတွက် ပံ့ပိုးမှုအဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ထံမှ အမေရိကန်ဒေါ်လာ ၁၇၀၀၀၀ ရရှိမည်ဖြစ်ကြောင်း မြန်ာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖီဖာကွန်ကရက်အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်နှင့် အထွေထွေ အတွင်းရေးမှုး ဦးကိုကိုသိန်းတို့တက်ရောက်ခဲ့သည်။ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းများအတွက် ပံ့ပိုးငွေရရှိခြင်းမှာ နိုင်ငံတိုင်းကို ပေးခြင်း မဟုတ်ဘဲ ဖီဖာမှ ရွေးချယ်ကာပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ကို ဖီဖာက ပံ့ပိုးဖို့ရှိတယ်။ လက်ရွေးစင်အသင်းတွေအတွက် FIFA SOLA DARITY ဆိုတဲ့ အစီအစဉ်နဲ့ ပံ့ပိုးပေးမှာပါ။ လက်ရွေးစင်အသင်းတွေရဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ကုန်ကျစရိတ်၊ လေယာဉ်လက်မှတ်စရိတ်တို့ကို ပံ့ပိုးတဲ့ သဘောပါ။ ပံ့ပိုးငွေကတော့ အမေရိကန်ဒေါ်လာ ၁၇၀၀၀၀ ရမယ်။ ကျွန်တော့်အနေနဲ့ ဒီနှစ် လက်ရွေးစင်အသင်းတွေရဲ့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဖီဖာကိုတင်ပြပြီးမှ သူတို့က ဒီပံ့ပိုးမှုကို ပေးမှာပါ" ဟု ဦးဘုန်းနိုင်ဇော်က ပြောသည်။

U Myo Thant




<< Back MNL News


Advertisement
Here