MNL News

ယူ-၂၁ ဒုတိယအကျော့ ပြန်လည်ကျင်းပမည်

May 18 , 2017

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးဌာနမှ ကြီးမှုးကျင်းပလျက်ရှိသည့် MNL Youth (U-21) League Competition ဒုတိယ အကျော့ပွဲစဉ်များကို မေ ၂၄ ရက်တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကျော့ အဖွင့်ပွဲစဉ်များအဖြစ် မေ ၂၄ ရက်တွင် စလင်းကွင်း၌ နေပြည်တော်လူငယ်အသင်းနှင့် ဟံသာဝတီယူနိုက်တက် လူငယ်အသင်း၊ မေ ၂၅ ရက်တွင် ပဒုမ္မာကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်လူငယ်အသင်း၊ စလင်းကွင်း၌ GFA လူငယ်အသင်းနှင့် ဇွဲကပင်ယူနိုက်တက်လူငယ်အသင်း၊ မေ ၂၆ ရက်တွင် ပဒုမ္မာကွင်း၌ ရတနာပုံလူငယ်အသင်းနှင့် ဆောက်သမ်းမြန်မာ လူငယ်အသင်း၊ စလင်းကွင်း၌ ရခိုင်ယူနိုက်တက်လူငယ်အသင်းနှင့် ရန်ကုန်ယူနိုက်တက်လူငယ်အသင်း၊ မေ ၂၇ ရက်တွင် ပဒုမ္မာကွင်း၌ ISPE(A)အသင်းနှင့် မကွေးလူငယ်အသင်းတို့မှာ ပွဲစဉ်(၁၄)ကို ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ယူ-၂၁ ပြိုင်ပွဲ ဒုတိယအကျော့ကို မေ ၂၄ ရက်မှစတင်ကာ ပွဲစဉ်(၂၆)ကို ဩဂုတ် ၁၃ ရက်အထိကျင်းပသွားမည် ဖြစ်သည်။

လက်ရှိ ယူ-၂၁ အမှတ်ပေးပြိုင်ပွဲပထမအကျော့အပြီးတွင် ရှမ်းယူနိုက်တက်လူငယ်အသင်းက ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ISPE(A)လူငယ်အသင်းက ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၂)နေရာတွင် ရပ်တည်လျက်ရှိသည်။

U Myo Thant




<< Back MNL News


Advertisement
Here