MNL News

ချန်ပီယံဆုကာကွယ်ရန် တိုက်စစ်မှုးခေါ်မည့် ရတနာပုံ

May 18 , 2017

ရတနာပုံအသင်းသည် လက်ရှိမြန်မာနေရှင်နယ်လိဂ်ရာသီဝက်တွင် ချန်ပီယံဆုကာကွယ်နိုင်ရန် လိုအပ်နေသည့် တိုက်စစ်နေ ရာကို ဇွဲကပင်ယူနိုက်တက်အသင်း ကစားသမားဟောင်း ဂါနာနိုင်ငံသား တိုက်စစ်မှုး ပက်ထရစ်ကို ခေါ်ယူအားဖြည့်ခဲ့ကြောင်း သိရသည်။

ဟက်ထရစ်မှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် အတွေ့အကြုံရှိသည့် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၆ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ပါဝင်ကစားခဲ့သူ ဖြစ်သည်။

ဟက်ထရစ်ကို ရတနာပုံအသင်းသည် ရာသီဝကစာချုပ်ဖြင့်  ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ဒုတိယမြောက် ပါဝင်ကစားရမည့် နိုင်ငံခြားသားကစားသမားများဖြစ်လာမည် ဖြစ်သောကြောင့် စိန်ခေါ်မှုများရှိကြောင်း ဟက်ထရစ်က ပြော သည်။

လာမည့်ရက်ပိုင်းအတွင်း တိုက်စစ်မှုး ဟက်ထရစ်မှာ ရတနာပုံအသင်းနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး အင်္ဂလန်နိုင်ငံရှိ အကယ်ဒမီ သင်တန်းကျောင်းတစ်ခု၌ လေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိသည်။

"အသင်းက တိုက်စစ်မှာဂိုးသွင်းနိုင်မယ့်သူ တစ်ဦးလိုနေတယ်။ အောင်သူတစ်ယောက်တည်း ရုန်းနေရတဲ့အတွက် ရသင့်တဲ့ ဂိုးတွေမရခဲ့ဘူး။ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပြည်ပတိုက်စစ်မှုးတစ်ယောက်ကို မဖြစ်မနေခေါ်ယူခဲ့တာပါ။ ရန်ကုန် ယူနိုက်တက်အသင်းက ကျွန်တော်တို့ကို ခုနှစ်မှတ်ဖြတ်ထားတယ်ဆိုပေမယ့် ဒုတိယအကျော့မှာ သူက အဝေးကွင်းပွဲစဉ်တွေ ကစားရမှာ များပါတယ်။ ဘာမဆိုဖြစ်လာနိုင်လို့ ချန်ပီယံဆုကာကွယ်ဖို့ ပြင်ဆင်ခဲ့တာပါ" ဟု ရတနာပုံအသင်း အတွင်းရေးမှုး ဦးအောင်ဟိန်းခိုင်က ပြောသည်။

ရတနာပုံအသင်းသည် ဒုတိယအကျော့အတွက် အပြောင်းအရွှေ့တွင် ရတနာပုံ ယူ-၁၉ အသင်းမှ နောက်တန်း ကစားသမား ရဲလင်းထက်အား ခေါ်ယူအားဖြည့်ထားသည်။

U Myo Thant




<< Back MNL News


Advertisement
Here