MNL News

ပွဲထွက်ခွင့်အတွက် အသင်းပြောင်းသည့် သန်းပိုင်

May 18 , 2017

ချင်းယူနိုက်တက်အသင်းသည် ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှုးသန်းပိုင်ကို ရာသီဝက်အငှား စာချုပ်ဖြင့် ပြောင်းရွှေ့နိုင်ပြီဖြစ်ကြောင်း မေ ၁၇ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့ရာ ပွဲထွက်ခွင့်ရမည့် အာမခံချက်ပေး၍ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သန်းပိုင်က ပြောသည်။

သန်းပိုင်သည် ချင်းယူနိုက်တက်အသင်းသို့ အပြောင်းအရွှေ့မှာ အကြိုသဘောတူညီမှုရရှိထားသော်လည်း မေ ၁၇ ရက်မှသာ ရာသီဝက်ခြောက်လ အငှားစာချုပ်ဖြင့် အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့ခြင်း ဖြစ်သည်။ သန်းပိုင်က ရန်ကုန်ယူနိုက်တက်အသင်းတွင် ပွဲထွက်ခွင့်မရခြင်းကြောင့် အသင်းတွင် ပွဲထွက်ခွင့်မရခြင်းကြောင့် အသင်းပြောင်းလိုသည့် ဆန္ဒရှိနေရာမှ လက်ရှိတွင် ပွဲထွက် ခွင့်ရမည့် အသင်းသို့ ပြောင်းရွှေ့နိုင်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော် ချင်းယူနိုက်တက်အသင်းနဲ့ ခြောက်လစာချုပ် ချုပ်ဆိုခဲ့တယ်။ သူတို့ဘက်က ပွဲထွက်ခွင့်ပေးမယ်ဆိုလို့ ပြောင်းရွှေ့ တာပါ။  ရန်ကုန်ယူနိုက်တက်အသင်းမှာ အီမီကာ ဒဏ်ရာရတုန်းက ပွဲထွက်ခွင့်အတွက် မျှော်လင့်ခဲ့ပေမယ့် ဆီဇာကို ပြန်ခေါ် လိုက်တယ်။ နောက်ပြီး ကိုကျော်ကိုကို၊ ကိုစိုးမင်းနိုင်တို့ရှိနေတော့ ချန်ပီယံအတွက် သွားနေတဲ့ ရန်ကုန် ယူနိုက်တက်အသင်းကို နားလည်ပါတယ်။ ဒါကြောင့် ကျွန်တော်အသင်းပြောင်းဖို့ သေချာသွားခဲ့တာပါ။ အခု ကျွန်တော် ချင်းယူနိုက်တက်အသင်း အတွက် အကောင်းဆုံးပေးဆပ်သွားမှာပါ ကျွန်တော့်ရည်ရွယ်ချက်က မြန်မာ့လက်ရွေးစင် ကစား သမားဖြစ်ဖို့ပါပဲ" ဟု သန်းပိုင် က ပြောသည်။

ချင်းယူနိုက်တက်အသင်းသည် ၂၀၁၇ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ တိုက်စစ်မှုး သန်းပိုင်၊ နောက်ခံကစားသမား သီဟထက်အောင်တို့ကို ရာသီဝက်စာချုပ်ဖြင့် ခေါ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here