La-liga News

ဇယားထိပ်ရောက် ရီးရဲလ်

May 18 , 2017

လာလီဂါပွဲစဉ် ၂၁ လက်ကျန်ပွဲစဉ်အဖြစ် ယမန်နေ့ညက ဆဲလ်တာဗီရိုနှင့် ကစားခဲ့ရာတွင် ၁-၄ဖြင့် အနိုင်ရရှိခဲ့သော ရီးရဲလ်မှာ အမှတ်ပေးဇယားထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ယခုပွဲမတိုင်မီက ဘာစီလိုနာနှင့် အမှတ်တူသော်လည်း  Head to Head စည်းမျဉ်းအရ ဘာစီလိုနာက အဆင့် ၁တွင် ရှိခဲ့သော် လည်း ယခု ၂သင်းလုံး ၃၇ ပွဲစီ ကစားအပြီးတွင် ရီးရဲလ်က ဘာစီလိုနာ ထက် ၃မှတ်အသာဖြင့် ဦးဆောင်နေပြီဖြစ်သောကြောင့် လာမည့် ရာသီသိမ်းပွဲစဉ်တွင် သရေတစ်မှတ်ရလျှင်ပင် လာလီဂါ အမှတ်ပေးချန်ပီယံဆုဖလားကို ရရှိတော့မည် ဖြစ်သည်။

ယမန်နေ့ကပွဲတွင်  စီရိုနယ်ဒိုင ၁၀ မိနစ်နှင့် ၄၈ မိနစ်တို့တွင် ဦးဆောင်ဂိုး ၂ဂိုးစတင်သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးတွင် ၁-၄ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရာသီသိမ်းပွဲစဉ် ၃၈ တွင် ရီးရဲလ်က မာလာဂါနှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်ရာ အဆင့် ၁၁မှ မာလာဂါကို အနည်းဆုံး သရေကစားနိုင်လျှင်ပင် ချန်ပီယံဆုရရှိမည် ဖြစ်သည်။

ဘာစီလိုနာမှာ အိမ်ကွင်းတွင် အဆင့် ၈ မှအိုင်ဘာနှင့် တွေ့ဆုံရမည်ဖြစ်ပြီး ကိုယ်ကိုယ်တိုင်က နိုင်ပွဲရရမည့်အပြင် ရီးရဲလ်က မာလာဂါကို ရှုံးကာမှ ဘာစီလိုနာက ချန်ပီယံဆု ရရှိမည်ဖြစ်သည်။

ထိုပွဲစဉ် ၃၈ အပြီးတွင် ရီးရဲလ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဇွန်လ ၄ရက်နေ့တွင် ဂျူဗင်တပ်နှင့် ကစားရမည်ဖြစ်ပြီး ဘာစီလိုနာက စပိန်ဘုရင့်ဖလားဗိုလ်လုပွဲအဖြစ် မေလ ၂၈ ရက်နေ့တွင် အလာဗက်စ်နှင့် ကစားရမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here