Coppa Italia Cup News

ကိုပါအီတာလျံချန်ပီယံ ဂျူဗင်တပ်

May 18 , 2017

အီတလီကိုပါအီတာလျံဖလား နောက်ဆုံးဗိုလ်လုပွဲတွင် ဂျူဗင်တပ်က နာပိုလီကို ၂-၀ဖြင့် အနိုင်ရကာ ဆုဖလားကို ရယူသွားခဲ့ပြီ ဖြစ်သည်။

ဂျူဗင်တပ်မှာ ဆီမီးတွင် နာပိုလီကို ၂ကျော့ပေါင်း ၅-၄ဖြင့် အနိုင်ယူခဲ့ကာ လာဇီယိုက ရိုးမားကို ၄-၃ဖြင့် ဖြတ်ကျော်လာကြခြင်း ဖြစ်သည်။

ဗိုလ်လုပွဲတွင် အဲလ်ဗက်စ်နှင့် ဘိုနူချီတို့က ဂျူဗင်တပ်အတွက် အနိုင်ဂိုးများ သွင်းပေးခဲ့ကြခြင်းဖြစ်ပြီး ၁၉၂၂ မှ စတင် သန္ဓေတည်ခဲ့သည့် သက်တမ်းရှည် ဖလားပြိုင်ပွဲတစ်ခုတွင် အောင်မြင်မှုအရဆုံးအသင်းအဖြစ် ဆက်လက်မှတ်တမ်းဝင်နိုင်ခဲ့သည်။

ဂျူဗင်တပ်အသင်းမှာ ဗိုလ်လုပွဲသို့ ၁၇ ကြိမ်တက်ရောက်ခဲ့ရာတွင် ၁၂ကြိမ် ဗိုလ်စွဲခဲ့ပြီး ရိုးမားက ၁၇ ကြိမ်ပင် ဗိုလ်လုပွဲတက်ရောက်ခဲ့သော်လည်း ၉ကြိမ်မြောက်သာ ဗိုလ်စွဲနိုင်ခဲ့သည်။

လာဇီယိုအသင်းမှာမူ ဗိုလ်လုပွဲ ၉ကြိမ်တက်ရာတွင် ၆ကြိမ် ဗိုလ်စွဲခဲ့သော အသင်းဖြစ်သည်။

ဂျူဗင်တပ်အနေနှင့် စီးရီးအေချန်ပီယံဆုကို ရရှိပြီးဖြစ်သည့်အပြင် လာမည့်ဇွန်လတွင်လည်း ရီးရဲလ်နှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရဦးမည့်အသင်းဖြစ်သည်။

U Myo Thant




<< Back Coppa Italia Cup News


Advertisement
Here