MNL News

ရတနာပုံ ကွာတားဖိုင်နယ်တက်

May 19 , 2017

၂၀၁၇ ရာသီ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ ထွက်ပြိုင်ပွဲ ဒုတိယအဆင့် (စတုတ္ထနေ့)ကို ယမန်နေ့ ညနေပိုင်းတွင် ကျင်းပရာ ရတနာပုံနှင့် ဆောက်သမ်အသင်း ကွာတားဖိုင်နယ်တက်ရောက်သွားသည်။

အောင်ဆန်းအားကစားကွင်း၌ ကျင်းပသောပွဲတွင် ရတနာပုံအသင်းက မဟာယူနိုက်တက်အသင်းကို ငါးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ သည်။ ပထမတန်းကလပ်မဟာယူနိုက်တက်အသင်း၏ ရုန်းကန်မှုကြောင့် ရတနာပုံအသင်းသည် မိနစ် ၆၀ အထိ ရုန်းကန်ခဲ့ ရသော်လည်း အသင်းကြီးတစ်သင်းပီသစွာ ဂိုးပြတ်နိုင်ပွဲရပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။ ရတနာပုံအသင်းသည် ပြည်တွင်းကစားသမားများ၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ရတနာပုံအသင်းသည် ပထမတန်းအသင်းနှင့် တွေ့ဆုံသော်လည်း အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ မဟာ ယူနိုက်တက်အသင်းနည်းပြချုပ် ဦးဇော်လင်းထွန်းသည် ကစားသမားဘ၀ နောက်ဆုံးကစားခဲ့သည့် ရတနာပုံအသင်းနှင့် ပြန် လည်ဆုံတွေ့သောပွဲတွင် အတောင့်တင်းဆုံးလူစာရင်းဖြင့် ပွဲထွက်ခဲ့သည်။

ပွဲအစ နှစ်မိနစ်တွင် ရတနာပုံအသင်းအဖွင့်ဂိုးရခဲ့ပြီး ကျော်သက်ဦးက သွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် မဟာ အသင်းပြန်ဖိကစားနိုင်ခဲ့ပြီး ချေပဂိုးရနိုင်သည့်အခွင့်အရေးများ ပြန်ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။ ၃၆ မိနစ်တွင် ရတနာပုံ အသင်း ဒုတိယဂိုးရခဲ့ပြီး အောင်သူ၏ ကန်သွင်းမှုပြန်လျှံထွက်လာသောဘောလုံးကို စည်သူအောင်က ပိတ်သွင်းယူခဲ့ခြင်း ဖြစ် သည်။

ဒုတိယပိုင်းတွင် ရတနာပုံအသင်းက အသင်းကြီးပီသစွာ ပွဲကိုထိန်းချုပ်ကစားသွားခဲ့ပြီး ၅၂ မိနစ်တွင် အောင်သူ၊ ၆၇ မိနစ်တွင် ၀င်းနိုင်စိုးတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။

လေးဂိုးပြတ်ပြီးနောက်ပိုင်းတွင် ရတနာပုံအသင်းက အမာခံကစားသမားအချို့ကို အနားပေးခဲ့ရပြီး ပဉ္စမမြောက်အနိုင်ဂိုးကို ၈၁ မိနစ်တွင် သိန်းသန်းဝင်းက သွင်းယူခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသောပွဲတွင် ဆောက်သမ်းမြန်မာအသင်းက နေပြည်တော်အသင်းကို ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၂၄ မိနစ်တွင် ဘမ်ဘာက နေပြည်တော်အသင်းအတွက် ဂိုးစတင် သွင်းယူခဲ့သော်လည်း ဆောက်သမ်းမြန်မာအသင်းအတွက် ကောင်းစည်သူက နှစ်ဂိုး၊ ဆီမြွန်က တစ်ဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဒုတိယအဆင့်ပွဲစဉ်များ ပြီးဆုံးသွားပြီဖြစ်ပြီး ကွာတားဖိုင်နယ် ပွဲစဉ်များအဖြစ် မကွေးနှင့် ရှမ်းယူနိုက်တက်၊ ရခိုင်နှင့် ဧရာဝတီ၊ ဟံသာဝတီနှင့် မကွေး၊ ရတနာပုံနှင့် ဆောက်သမ်းမြန်မာအသင်းတို့ ယှဉ်ပြိုင် ရမည် ဖြစ်သည်။

U Myo Thant




<< Back MNL News


Advertisement
Here