MNL News

နောက်ခံကစားသမားနှင့် တိုက်စစ်မှုးတို့ကို ဇွဲကပင်အသင်းအစားထိုး

May 19 , 2017

ဇွဲကပင်ယူနိုက်တက်အသင်းသည် လမ်းခွဲလိုက်ပြီဖြစ်သော နောက်ခံကစားသမား Djamနှင့် တိုက်စစ်မှုး Donald တို့နေရာ၌ အစားထိုးရန် အိုင်ဗရီကို့စ်နိုင်ငံသား နောက်ခံကစားသမား Moussa နှင့် ဘရာဇီးနိုင်ငံသား တိုက်စစ်မှုး Luis Carlos တို့ကို ရာသီကုန်အထိ စာချုပ်တစ်ရပ်ဖြင့် အပြောင်းအရွှေ့နောက်ဆုံးရက်တွင် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ အဆိုပါ အိုင်ဗရီကို့စ်ကစားသမားသည် ယူဂန္ဓာကလပ် SC Villa အသင်းတွင် ယမန်နှစ်ဘောလုံးရာသီ က နောက်ဆုံးကစားခဲ့သလို ဘရာဇီးကစားသမား Luis Carlos သည်လည်း ၂၀၁၆ ဘောလုံးရာသီက တောင်ကိုရီးယားကလပ် Gangwon FC ၌ နောက်ဆုံးပါဝင်ကစားခဲ့ကြသည့် အရည်အသွေးမြင့် ကစားသမားများဖြစ်ခြင်းကြောင့် ဇွဲကပင်ယူနိုက်တက် အသင်းအတွက် အဖိုးတန်သည့် ခေါ်ယူမှုတစ်ခုဖြစ်ကြောင်း အဆိုပါ အသင်းက ထုတ်ပြန်ထားသည်။

ITC လျှောက်ရမှု အမြန်ပြီးမြောက်ပါက မေ ၂၂ရက်တွင် ရခိုင်ယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲ၌ ပွဲဦးထွက် ပါဝင်လာနိုင်မည်ဖြစ်သည်။ Moussa အနေဖြင့် ဂျာစီနံပါတ်(၃၁)ကို ၀တ်ဆင်ကစားသွားမည်ဖြစ်ပြီး Luis Carlos အနေဖြင့် ဂျာစီနံပါတ်(၃၂)ကို ၀တ်ဆင်သွားမည်  ဖြစ်သည်။

ထို့ပြင် ဇွဲကပင်ယူနိုက်တက်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့၌ ဂျပန်နိုင်ငံသားတိုက်စစ်မှုး ကမ်ကိုလည်း ခေါ်ယူ အားဖြည့်ထားသောကြောင့် ဒုတိယအကျော့ကို ပြည်ပကစားသမားလေးဦးဖြင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

Djam နှင့် Donald တို့နှစ်ဦးကို ပထမအကျော့တွင် ခြေစွမ်းကြိုက်နှစ်သက်ခြင်းမရှိသည့်အပြင် အသင်းရလဒ်မကောင်းမှုကြောင့် နှစ်ကုန်အထိ စာချုပ်ရှိသော်လည်း စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

U Myo Thant




<< Back MNL News


Advertisement
Here